
Blood Brothers Bara Naga aka Blood Brothers: Dragon’s Embers (2025)
သစ္စာဟူသည်
ခုတလောမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မလေးရှား ဂန်းစတားဇာတ်ကားလေးကို ခုပဲတင်ဆက်ပေးချင်ပါတယ်။ ကြမ်းမှရမ်းမှ ကြိုက်တယ်ဆိုတဲ့ ပရိသတ်ကြီးတိုအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာမှာမလို့ ခုပဲရှုစားလိုက်ရအောင်ပါ။
မိရင်းဖရင်း ညီအစ်ကိုတွေမဟုတ်ကြပေမဲ့ ညီအစ်ကိုရင်းတွေထက်ချစ်ခင်ကြတဲ့ အာရစ်ဖ်တို ဘော်ဒီဂတ်အဖွဲ့ …
သူတိုရဲ့ခေါင်းဆောင်ကတော့ ဒါတိုဇူးလ်လိုခေါ်တဲ့ ကွန်မန်ဒိုဟောင်းတစ်ယောက်၊
ဒီနယ်ပယ်မှာ တော်ရုံသွားထိလိုမရတဲ့ ဩဇာညောင်းတဲ့သူ…အစမှာတော့ သွေးရင်းသားရင်းထက် ပိုချစ်ကြပေမဲ့ ဝေစုကိုမက်လာချိန်မှာတော့ ညီကိုကြားကသစ္စာကို လောဘကဖုံးလွှမ်းသွားတဲ့အခါ…
ကျည်ဆန်ကြားမှာ ပြေးလွှားနေရတဲ့လူသားတွေအတွက် အသက်ကိုလောင်းကြေးထပ်ရတဲ့ သစ္စာစမ်းသပ်ပွဲမှာ ဘယ်သူက သရုပ်မှန်ပေါ်လာမလဲ ရှုစားကြပါဦး။