What's happening?

Video Sources 613 Views Report Error

  • Watch traileryoutube.com
  • The Nice Guys (2016)Unknown resource
The Nice Guys

The Nice Guys

They're not that nice.May. 15, 2016United States116 Min.R
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

The Nice Guys 2016 အမေရိကန်ဇာတ်ကားဟာဆိုရင်ဖြင့် မင်းသားကြီး Russell Crowe နဲ့ Ryan Gosling တို့ ဦးဆောင်ပါဝင်ထားတဲ့ အပစ်အခတ် အညစ်အပတ် ဟာသဇာတ်တစ်ခုဖြစ်ပါတယ်။ IMDb 7.4 ကို အချိုအချောင်ရထားတဲ့ဇာတ်ကားမဟုတ်ပါဘူး။ ခရမ်းချဉ်သီးပုပ် 91 ရာနှုန်းကလည်း ဝေဖန်ခံနိုင်တဲ့ ဇာတ်ကား‌ကောင်းဖြစ်တယ်ဆိုတာ သိသာစေတာပေါ့။

ဇာတ်ကွက်တစ်ခုချင်းဆီမှာ ဖော်ကွက်လေးတွေပါပြီး မြန်ဆန်တဲ့ plot twist တွေကို ဖြေထုတ်ထားတာပါ။ အကြမ်းအရမ်းကို Russell Crowe က တာဝန်ယူထားပါတယ်။ Gladiator 2000 မှာ မြင်တွေ့ခဲ့ရသလိုပဲ မင်းသားကြီးက တည်ငြိမ်ရင့်ကျက်ပြီး အေးအေးမှန်မှန် သရုပ်ဆောင်သွားတာကို တွေ့ရမှာပါ။ ဟာသဘက်ကိုတော့ Ryan Gosling ပဲ သယ်ရတာပေါ့လေ။ ဒါပေမဲ့ Blade Runner 2049 ကနဲ့တော့ မတူတော့ပဲ ခပ်သွက်သွက် အူကြောင်ကြောင်စရိုက်ကို ပေါ်လွင်အောင် ဖော်ကျူးသွားပါတယ်။

ဇာတ်ကြောင်းဆိုတာထက် ဇာတ်ကွက်ကို အသားပေးတဲ့ဇာတ်လမ်းဖြစ်တာမို့ spoiler alert သိပ်မရှိဘဲ ကြည့်ရှုနိုင်မှာပါ။ ဇာတ်လမ်းကိုက ဘာဖြစ်မယ်ဆိုတာ အစောကြီးက သိပြီးထားပြီမို့ ဘယ်လိုတင်ပြသွားမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမယ့်ဇတ်လမ်းဖြစ်ပါတယ်။ အခြေခံ Theme အရလည်း ဇာတ်လမ်းကျောရိုးက အရင်းရှင်ဗျူရိုကရေစီတွေနဲ့ နစ်နာသူပြည်သူတွေကြားက ဖန်တရာတေဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ပြောင်းပြန် လူကောင်းတွေက ကျရှုံးရတဲ့ဇာတ်မလို့ အရသာတစ်မျိူး ရနေဦးမှာပါ။

ဘာမဆို အလွဲလုပ်တတ်တဲ့ ကမ္ဘာပေါ်က အညံ့ဆုံးစုံထောက်ကြီး မာ့ခ်ျ ရယ်၊ ပိုက်ဆံရရင် လူတွေကိုလိုက်ရိုက်ပေးတတ်တဲ့ လူမိုက်ကြီး ‌ဟေလီ ရယ်၊ 13 နှစ်သမီး ဟိုလီ ရယ်တို့က ကားလောကရဲ့ ကြီးသုံးကြီးကိုဆန့်ကျင်လို့ နံရံကို ခေါင်းနဲ့ဝင်ဆောင့်မိတဲ့အဖြစ်ကို တွေ့မြင်ရမှာပါ။

အရင်းရှင်များ ရပ်တည်နိုင်ရေးအတွက် သမီးကိုတောင် ချနင်းရက်နိုင်တဲ့ တရားရေးရာဌာနရဲ့ ဌာနမှူးကို အပြစ်ရအောင် စွမ်းနိုင်ခဲ့ပေမဲ့ ရေသောက်မြစ်ကြီးကတော့ ပန်းပန်လျက်ပဲဖြစ်နေတာကို အသည်းမပေါက် အေးဆေးတည်ငြိမ်စွာ လက်ခံသွားတဲ့ မင်းသားကြီးနှစ်ဦးရဲ့ ပြောင်မြောက်တဲ့အမူအရာတွေကို ပြန်လည်ခံစား ကြည့်ရှုကြပါဦးစို့ရဲ့လားဗျာ။ မင်းသမီး Margaret Qualley တစ်ယောက် အရမ်းလှနေတာကလည်း ဒီကားကို ကြည့်သင့်တဲ့အချက်တစ်ချက်ပါပဲ။

The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
The Nice Guys
Original title The Nice Guys
IMDb Rating 7.4 386,833 votes
TMDb Rating 7.122 7,926 votes

Director

Shane Black
Director

Cast

Russell Crowe isJackson Healy
Jackson Healy
Ryan Gosling isHolland March
Holland March
Angourie Rice isHolly March
Holly March
Matt Bomer isJohn Boy
John Boy
Margaret Qualley isAmelia Kuttner
Amelia Kuttner
Keith David isOlder Guy
Older Guy
Beau Knapp isBlueface
Blueface
Lois Smith isMrs. Glenn
Mrs. Glenn
Murielle Telio isMisty Mountains
Misty Mountains

Similar titles

Gangstas
The Beast
Blackia 2
The Dictator
Patikim-tikim
HER: Chapter 1
Red Paper Crane
The Courier
Red Right Hand
The Family Plan
Jaane Jaan
Crazy Alien

Leave a comment