
Tulsa King (2025) S3 ( Ongoing Series )
IMDb Rating (7.9) / Rotten Tomatoes (89%)
မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီးအသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Paramount+ကနေ အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77%
ရထားပါတယ်။ Rocky မင်းသားကြီးစတားလုံးရဲ့ ငါမအိုသေးဆိုတဲ့လက်သီးစွမ်းတွေကို တဝကြီးတွေ့ရဦးမှာပါ။
Dwight Manfredi ဆိုတဲ့ နယူးယောက်မြို့က မာဖီးယားဘဲကြီးဟာ ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲခေါ်မထားချင်တော့ဘဲ နယ်ဘက်ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။
ဒီလိုနဲ့ပဲ Oklahoma ပြည်နယ်က Tulsa ဆိုတဲ့ မြို့လေးကို နှင်ထုတ်ခံလိုက်ရတဲ့ Dwight တစ်ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့ကနေ တစ်ကတဖန်ပြန်စပြီး တစ်စင်ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု
ဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။
မာဖီးယားဖြစ်တာနဲ့အညီ အပြောကလည်း သွေးအေးသလို လက်သံကလည်းအတော်ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်တွေရော၊ Crime စီးရီးကြိုက်သူတွေရော သဘောကျကြမှာပါ။
တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။