
Love+Sling (2018)
IMDb Rating : 5.9/10
******************
Love+Sling ဟာ ဒါရိုက်တာ Kim Dae-woong ရိုက်ကူးထားတဲ့ ကိုရီးယား Comedy Drama အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။
အဓိက သရုပ်ဆောင်တွေအနေနဲ့ကတော့ Yoo Hae-jin, Kim Min-jae, နဲ့ Lee Sung-kyung တို့ ပါဝင်ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်
*********************
ရုပ်ရှင်ရဲ့ အဓိကဇာတ်အိမ်ကတော့ ဖခင်တစ်ဦးဖြစ်သူ Gwi-bo (Yoo Hae-jin) နဲ့ နပန်းသမားဖြစ်ဖို့ ဖခင်က တွန်းအားပေးထားတဲ့ သားဖြစ်သူ Sung-woong (Kim Min-jae) တို့ကြားက အဖေနဲ့သား ဆက်ဆံရေးကို အခြေခံထားပါတယ်။ Gwi-bo ဟာ သူ့ရဲ့ နပန်းသမားဘဝတုန်းက အကောင်အထည်မဖော်ခဲ့ရတဲ့ အိပ်မက်ကို သားဖြစ်သူကနေတဆင့် အကောင်အထည်ဖော်ချင်နေသူဖြစ်ပါတယ်။
ဇနီးသည် ဆုံးပါးသွားပြီးတဲ့နောက်မှာ Gwi-bo ဟာ သူ့တစ်ဘဝလုံးကို သားဖြစ်သူအတွက်ပဲ ပုံအပ်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ Sung-woong ရဲ့ အချစ်ဦးဖြစ်သူ Ga-young (Lee Sung-kyung) က Gwi-bo ကို သဘောကျနေကြောင်း၊ Swang-woong ရဲ့ အမေဖြစ်ချင်ကြောင်း ဖွင့်ပြောလိုက်တဲ့အခါမှာတော့ ဖခင်နဲ့သားကြားက ဆက်ဆံရေးက ရှုပ်ထွေးလာပြီး ပြဿနာတွေစတက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သားဖြစ်သူရဲ့ အချစ်ဦးနဲ့ အဖေဖြစ်သူကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ။
သားအဖကြားက ပြဿနာတွေ ပြေလည်သွားမလား ပိုဆိုးလာမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှိ အားပေးလိုက်ကြပါဦးနော်။