
Project Y (2026)
*****************
IMDb Rating : 6.6/10
နောက်ဆုံးတော့ အားလုံးစောင့်မျှော်နေကြတဲ့ Han So-Hee နဲ့ Jun Jong-Seo တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အမိုက်စား ရုံတင်အက်ရှင်ကားသစ်လေး ထွက်ရှိလာပါပြီ။
The Old Woman With The Knife ထဲက မင်းသား Kim Sung-Cheol, Undercover High School ထဲက မင်းသမီး Kim Shin-Rock, The Manipulated ထဲက မင်းသား Lee Jae-Kyoon, Lovely Runner ထဲက မင်းသမီးကြီး Jung Young-Ju, Oh My Girl အဖွဲ့ဝင် YooA တို့လည်း ပါဝင်အားဖြည့်ပေးထားကြပါသေးတယ်။
– ဇာတ်လမ်းအကျဉ်း –
တစ်ယောက်အပြင် တစ်ယောက်မရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ယွန်းမီဆွန်း (Han So-Hee) နဲ့ အီဒိုဂယောင်း (Jun Jong-Seo) တို့ဟာ လက်ရှိ အောက်ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲပိုက်ဆံစုလာခဲ့ကြပေမဲ့ ကံအကြောင်းမလှဘဲ ဗီလာမှာ နေဖို့ စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံ သိန်း ၇ ထောင်က မန်နေဂျာချွဲဆိုသူရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့အပြင် အဲဒီလူလိမ်က သေပါ သေဆုံးသွားပါတော့တယ်။
ဒီလိုနဲ့ နှစ်ယောက်သား လမ်းပျောက်နေကြစဉ်မှာပဲ သူဌေးထို (Kim Sung-Cheol) ဆိုသူက ဂယောင်းဂီဒိုတစ်နေရာမှာ ငွေသား သိန်း ၇ ထောင်ကို မြှုပ်ထားတယ်ဆိုတဲ့သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့…
သူတို့နှစ်ဦး ငွေသားတွေကို အောင်အောင်မြင်မြင် ပြန်အရယူပြီး ဘဝသစ်နဲ့ နေထိုင်သွားနိုင်မှာလား….ငွေသားတွေ မြှုပ်ထားတဲ့နေရာကို လိုက်ရှာရင်း ဘယ်လို အခက်အခဲ၊ အလှည့်အပြောင်းတွေကို တွေ့ကြုံရဦးမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။