What's happening?

Video Sources 516 Views Report Error

  • Row to Win (2025)Unknown resource
Row to Win

Row to Win

Sep. 30, 2025USAG
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Row to Win (2025)

ဒီတလော ကမ္ဘာတစ်ဝှမ်း သဘာဝဘေးအန္တရာယ်တွေ ဆက်တိုက်ကြုံတွေ့နေရပြီး မြန်မာနိုင်ငံမှာလည်း မိုးရာသီနဲ့အတူ ရေကြီးရေလျှံမှုဒဏ်တွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ၊
ခွန်အားနဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ ပေးစွမ်းနိုင်မဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်….

ပြက္ခဒိန်တွေမှာ မြင်တွေ့နေကျ တရုတ်ရိုးရာ နဂါးလှေလှော်ပြိုင်ပွဲကို နောက်ခံထားပြီး၊ လှိုင်းလုံးတွေရဲ့ အကြမ်းတမ်းဆုံးဒဏ်တွေကြားကနေ ဘဝပင်လယ်ကို မလျော့သောစိတ်နဲ့
ဆက်လက်ကူးခတ်ခဲ့တဲ့ ဟွမ်ရုံဖာ ဆိုတဲ့ လူတစ်ယောက်ရဲ့ဘဝကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ…

ဟွမ်ရုံဖာဆိုတာ စွန့်စားလိုက်တိုင်း ကျရှုံးတတ်သူ၊ ကျရှုံးလိုက်တိုင်းလည်း လက်မလျှော့ဘဲ ထပ်မံကြိုးစားတတ်သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ကြိုးစားမှုတိုင်းက အောင်မြင်မှု
ဆီမရောက်ဘဲ ကျရှုံးမှုတွေနဲ့သာ ပြန်လည်တွေ့ဆုံနေရတယ်။

သားတစ်ယောက်အတွက် အထင်မကြီးခံရတဲ့အဖေ၊ သမီးတစ်ယောက်အတွက် ဝဋ်ကြွေးတစ်ခုလို ဖြစ်နေတဲ့ဖခင်၊ ဇနီးအတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလို အများအမြင်ခံရတဲ့ “ဆန်ကုန်မြေလေး” တစ်ယောက်ရဲ့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ နက်နက်ရှိုင်းရှိုင်း တင်ဆက်ထားတာပါ…

ဟွမ်ရုံဖာဟာ တစ်ချိန်က အိပ်မက်တွေကို ယုံကြည်ခဲ့သူတစ်ယောက်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို ထပ်ခါထပ်ခါ စမ်းသပ်ခဲ့တယ်။ စီးပွားရေးပျက်စီးမှု၊ အကြွေးပိမှု၊
မိသားစုရဲ့ အထင်အမြင်လွဲမှုတွေကြားမှာ သူ့ဘဝဟာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ရပါတယ်။ ဒါလည်း အရှုံးမပေးဘဲ ရေလုပ်သားအဖြစ် ဘဝကို တစ်ဖန်စတင်ခဲ့တယ်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီးနောက် ပြန်ပေါ်လာချိန်မှာတော့ သူဟာ အရင်ကလို အိပ်မက်တွေနောက်လိုက်တဲ့ လူမဟုတ်တော့ဘူး။ ကိုယ်ခန္ဓာရော စိတ်ဓာတ်ပါ
ထိခိုက်ပျက်စီးနေတဲ့ အခြေအနေတစ်ခုနဲ့ ပြန်ရောက်လာခဲ့တာပါ။

ဒါပေမဲ့ ဘဝဆိုတာ တစ်ခါကျရှုံးရုံနဲ့ အဆုံးမသတ်သလို၊ မိသားစုဆိုတာလည်း နာကျင်မှုတွေကြားထဲက နားလည်မှုကို ပြန်ရှာဖွေနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒီကားလေးဟာ အံ့ဩဖွယ်ရာ ဇာတ်ကွက်အလှည့်အပြောင်းတွေ၊ အချစ်ဇာတ်လမ်းတွေ၊ ဟီးရိုးဆန်ဆန် အောင်မြင်မှုတွေကို မျှော်လင့်ထားသူတွေအတွက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝရဲ့ ပင်ပန်းမှုတွေကြားမှာ ဆက်လက်ရပ်တည်ဖို့ ခွန်အားတစ်စုံတစ်ရာ လိုအပ်နေသူတွေအတွက်တော့ တန်ဖိုးရှိတဲ့ ဇာတ်ကားတစ်ကား ဖြစ်နေမှာ သေချာပါတယ်။

တစ်ခါတလေ ဘဝရဲ့အနိုင်ရသူဆိုတာ ပန်းတိုင်ကို ရောက်သွားတဲ့သူ မဟုတ်ဘဲ… လှိုင်းလုံးတွေကြားထဲမှာတောင်
မနစ်မြုပ်အောင် ဆက်ကူးနေတဲ့သူ ဖြစ်နိုင်ပါတယ်။

ကျရှုံးခြင်းဟာ အဆုံးမဟုတ်ဘူး၊ ဘဝက ဘယ်လောက်ပဲ ရက်စက်ပါစေ ဆက်လျှောက်နိုင်သေးတယ်ဆိုတဲ့ အားတစ်ခုကို တိတ်တိတ်လေး ပေးသွားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
Healing ရချင်တဲ့သူတွေအတွက်သာမက၊ ဘဝကို ပြန်လည်ရင်ဆိုင်ဖို့ ခွန်အားလိုအပ်နေတဲ့သူတွေအတွက်လည်း ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါတယ်။

Row to Win
Row to Win
Row to Win
Row to Win
Original title 浪浪人生
IMDb Rating 7.143 7 votes
TMDb Rating 7.143 7 votes

Director

Ma Lin
Director

Cast

Huang Bo isHuang Rongfa
Huang Rongfa
Fan Chengcheng isHuang Yuanda
Huang Yuanda
Yin Tao isChen Lizhen
Chen Lizhen
Jackie Li isHuang Jiaojiao
Huang Jiaojiao
Leanne Liu isHuang Xuedi
Huang Xuedi
Fu Hang isA Xiao
A Xiao
Sun Yizhou isDr. Sun
Dr. Sun
Zhang Benyu isOfficer Zhang
Officer Zhang
Joshua isTemple Caretaker
Temple Caretaker

Similar titles

The Ministry of Ungentlemanly Warfare
One and Only
Mahavatar Narsimha
Kiss/Kiss
Flamin’ Hot
Everything’s Going to Be Great
Sully
Black Tea
Summer of 69
Warhorse One
Kahi De Ne Prem Chhe
Nagabandham: The Secret Treasure

Leave a comment