
My Dear Enemy (2008)
************************
My Dear Enemy က ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကိုရီးယား Romantic Drama Movie တစ်ကားဖြစ်ပြီး ဒါရိုက်တာ Lee Yoon-ki ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Secret Sunshine (2007), The Housemaid (2010), Kill Boksoon (2023) ထဲက အဓိက ဇာတ်ဆောင် Jeon Do-yeon နဲ့ The Chaser (2008), Along with the Gods (2017 & 2018) ရုပ်ရှင်ထဲက Ha Jung-woo တို့ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့—
Hee-soo ဟာ သူ ချေးပေးခဲ့တဲ့ ငွေတွေကို ပြန်တောင်းဖို့အတွက် ရည်းစားဟောင်း ဖြစ်သူ Byeong-woonကို လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ Byeong-woon မှာလည်း အကြွေးပြန်ဆပ်ဖို့ ပိုက်ဆံမရှိတာကြောင့် Hee Soo နဲ့ အတူ တစ်နေ့လုံး သူ့အသိတွေဆီမှာ ပိုက်ဆံ လိုက်ချေးဖို့ ကြိုးစားပါတော့တယ်။
ဒီလိုနဲ့ တစ်နေရာပြီး တစ်နေရာ ခရီးဆက်ကြရင်း အဲဒီတစ်နေ့တာအတွင်းမှာပဲ သူတို့နှစ်ယောက်ရဲ့ အတိတ်၊ စိတ်ခံစားချက်နဲ့ လူ့ဘဝအကြောင်းတွေကို တဖြည်းဖြည်း ဖော်ထုတ်ပြသသွားပါတယ်။
တစ်နေ့တာအတွင်း ဖြစ်ပျက်တဲ့ ဇာတ်လမ်းဆိုပေမဲ့ ကြည့်ပြီးသွားရင် အချစ်၊ နောင်တနဲ့ လူ့ဆက်ဆံရေးအကြောင်း အတွေးပေါင်းများစွာ ကျန်စေတဲ့ Movie အမျိုးအစားဖြစ်ပြီး တချို့လူတွေက ကိုယ့်ဘဝထဲကို အတူတူနေဖို့ မဟုတ်ဘဲ သင်ခန်းစာတစ်ခု သင်ပေးဖို့ ရောက်လာကြတယ်ဆိုတာကို သိမြင်စေမဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။