
Call My Agent! The Movie (2026)
++++++++++++++
ဒီရုပ်ရှင်ဟာ နာမည်ကြီးပြင်သစ်စီးရီးပရိသတ်တွေတင်မကဘဲ Comedy-Drama ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။
ASK အနုပညာအေဂျင်စီကြီး ပိတ်သိမ်းသွားပြီး ၅ နှစ်အကြာမှာ ပထမဆုံးရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့ ဒါရိုက်တာ အန်ဒရီယာတစ်ယောက် မင်းသားအရေးပေါ်နှုတ်ထွက်သွားလို့ ဒုက္ခလှလှတွေ့ရာကနေ ဇာတ်လမ်းစတင်ထားပါတယ်။
ဒါကြောင့် သူဟာ နယ်ပယ်အစုံမှာ ပြန့်ကျဲနေတဲ့ အေဂျင်စီအဖွဲ့သားဟောင်းတွေကို ပြန်စုစည်းပြီး ရုပ်ရှင်ကို အကောင်အထည်ဖော်ရိုက်ကူးဖို့ ကြိုးစားရပါတော့တယ်။
ဒီကားထဲမှာ ပင်တိုင်သရုပ်ဆောင်တွေအပြင် ဟောလီးဝုဒ်မင်းသားကြီး George Clooney နဲ့ မင်းသမီး Eva Longoria တို့လို ကမ္ဘာကျော်တွေပါ အမိုက်စား ပါဝင်အားဖြည့်ထားပါတယ်။
Entertainment နဲ့ ရုပ်ရှင်လောကရဲ့ နောက်ကွယ်က ရှုပ်ထွေးပွေလီမှုတွေ၊ အလွဲအလွဲအချော်ချော်တွေနဲ့ အားမနာတမ်း ဟာသလုပ်ထားတာမို့ တစ်ကားလုံး ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပါ။
ရယ်လည်းရယ်ရသလို ရုပ်ရှင်လောကသားတွေရဲ့ ရုန်းကန်ရမှုကိုလည်း မြင်တွေ့ရမှာမို့ ရုပ်ရှင်ချစ်သူတွေအတွက် လုံးဝအကြိုက်တွေ့စေမဲ့ ဇာတ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်။