What's happening?

Video Sources 812 Views Report Error

  • Watch traileryoutube.com
  • Comic 8 Revolution: Santet K4bin3t (2025)Unknown resource
Comic 8 Revolution: Santet K4bin3t

Comic 8 Revolution: Santet K4bin3t

Dec. 24, 2025Indonesia111 Min.TV-14
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Comic 8 Revolution: Santet K4bin3t (2025)

IMDb Rating (4.6)

Comic 8 ဆိုတာ အင်ဒိုနီးရှားရုပ်ရှင်လောကမှာ အောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ Action-Comedy (အက်ရှင်-ဟာသ) ဇာတ်ကားတွဲတွေဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထူးခြားချက်ကတော့ အင်ဒိုနီးရှားက နာမည်ကျော် Stand-up Comedians တွေကိုအဓိကထားပြီးတော့ အမှန်အကန်အက်ရှင်ကားကြီးတွေလို ခမ်းခမ်းနားနား ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်နဲ့လိုက်အောင် မတူညီတဲ့ နောက်ခံရှိကြတဲ့လူရှစ်ယောက်က ဘဏ်တစ်ခုကိုတစ်ပြိုင်တည်း ဝင်ရောက်ဓားပြတိုက်ဖို့ကြိုးစားရာကနေ ဇာတ်လမ်းကိုစတင်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ဟာ ရိုးရိုးဓားပြတွေမဟုတ်ပဲ တစ်ယောက်ချင်းစီမှာထူးခြားတဲ့ အရည်အချင်းတွေ၊ လျှို့ဝှက်ချက်တွေနဲ့ ရည်ရွယ်ချက်တွေရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းက ပေါက်ကရဟာသတွေနဲ့အစပျိုးခဲ့ပေမဲ့ နောက်ပိုင်းမှာ တကယ့်ကိုရှုပ်ထွေးတဲ့ သူလျှိုဇာတ်လမ်းတွေ၊ လျှို့ဝှက်စစ်ဆင်ရေးတွေဘက်ကိုကူးသွားပါတယ်။ ဒီဇာတ်ကားမှာတော့ ကီဘာဂတ်စ်နဲ့ နီဂန်ဒစ် ဆိုတဲ့ နှစ် ၂၀၀ သက်တမ်းရှိအောက်လမ်းလင်မယားကို အခြေခံထားပါတယ်။

သူတို့လင်မယားဟာ နိုင်ငံကို နယ်ချဲ့တွေလက်က လွတ်မြောက်အောင်တိုက်ထုတ်ရာမှာ တတ်တဲ့ပညာနဲ့ကူညီခဲ့ပေမဲ့ နိုင်ငံလွတ်လပ်ရေးရချိန်မှာတော့ အစိုးရအဖွဲ့မှာ ဝင်ပါခွင့်မရဘဲ ချောင်ထိုးခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး အစိုးရအဖွဲ့အပေါ်အနာကြီးနာသွားတဲ့ သူတို့လင်မယားဟာ အခါအခွင့်သင့်မဲ့အချိန်ကို အမြဲစောင့်နေခဲ့ပါတယ်။ မျက်မှောက်ကာလမှာတော့ သူတို့စောင့်နေတဲ့အချိန်ကျရောက်လာပြီဖြစ်ပြီး အစိုးရကိုဒုက္ခပေးဖို့ အစီအရင်အတွက်လိုအပ်တဲ့ ယဇ်ကောင်ရှစ်ယောက်ကို သတင်းစာကနေ အလုပ်ခေါ်စာအနေနဲ့ ခေါ်ယူခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ သူတို့ခြေလှမ်းကိုစောင့်ကြည့်နေတဲ့ အစိုးရဘက်ကလည်း အသွင်ယူ အေးဂျင့်ရှစ်ယောက်ကိုစေလွှတ်လိုက်တဲ့အခါ သူတို့နေထိုင်တဲ့ကျွန်းပေါ်မှာ သူတို့မွေးထားတဲ့ ကွန်တီလာနတ်၊ တူယွလ်၊ ဖုတ်ကောင် အစရှိတဲ့ ဒဏ္ဍာရီလာ သရဲပေါင်းစုံနဲ့ အေးဂျင့်တွေရဲ့ ရင်ဆိုင်တိုက်ပွဲကို အလွဲလွဲအချော်ချော်ဟာသတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာသလို လှည့်ကွက်တွေရော ဟာသဖောက်ကွက်တွေကပါ အမှန်အကန်ရယ်ရတာမို့လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းပါ။

Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Comic 8 Revolution: Santet K4bin3t
Original title Comic 8 Revolution: Santet K4bin3t
IMDb Rating 4.8 51 votes
TMDb Rating 4.75 2 votes

Similar titles

DC
Budak Flat
The Invisible Raptor
My Wife Is a Gangster 3
Firewire Sniper
The Prince, The Witch, and The Mermaid
The Best Man
Fangs & Fury
Warning 2
Mikael: Pemburu Dua Alam
Joyeux Noel
Immortal Demon Slayer

Leave a comment