
Facing El Chapo (2026)
IMDb Rating (6.7) / Rotten Tomatoes (79%)
တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းက January 8, 2016 က သမိုင်းဝင် ဖမ်းဆီးမှုအကြောင်းပါ။
Arturo နဲ့ Héctor ဆိုတဲ့ သာမန် အဝေးပြေးလမ်းက ရဲသားနှစ်ယောက်က သူတို့ရဲ့ပုံမှန်အလုပ်ကို လုပ်နေကြပါတယ်။ နောက်တော့ လမ်းမပေါ်မှာ ခိုးလာတဲ့ ကားအနီကိုတွေ့လို့ ဆွဲတားပါတယ်။ သူတို့ အထဲကိုကြည့်လိုက်တဲ့အချိန်မှာ “El Chapo” Guzmán ကို တွေ့လိုက်ရလို့ အတော်လေး အံ့ဩသွားရပါတယ်။
El Chapo ဆိုသူက ကမ္ဘာ့နာမည်အကြီးဆုံး ဝရမ်းပြေး cartel boss ပါ။ အခုတော့ မြို့ရဲ့ပိုက်လိုင်းတွေထဲ တွားသွားပြီး စစ်သားတွေနဲ့ တိုက်ပွဲကနေ လွတ်မြောက်လာတဲ့သူပေါ့။ သေမှာကြောက်တဲ့ သာမန်ရဲသားနှစ်ယောက်ကလည်း El Chapo နဲ့ သူ့သက်တော်စောင့်ကို လမ်းမဘေးက ဈေးပေါတဲ့မိုတယ်မှာပုန်းဖို့ ကူညီပေးလိုက်ပါတယ်။
သူတို့ရဲနှစ်ယောက် အကူခေါ်ခဲ့ပေမဲ့ စစ်ကူတွေလာဖို့ ကြာဦးမှာကို သူတို့သိကြတယ်။ ပြီးတော့ နယ်ခံရဲတွေကလည်း အကျင့်ပျက်လာဘ်စားပြီး cartel တွေ လက်အောက်မှာ အလုပ်လုပ်နေကြမှန်းသိတာမို့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေတောင် အပါအဝင် ဘယ်သူ့ကိုမှ ယုံလို့မရမှန်း သဘောပေါက်လိုက်ရပါတယ်။
ဒီအကြပ်အတည်းကြားထဲမှာ ရိုးသားတဲ့ သာမန်ရဲလေးနှစ်ယောက်က ပိုက်ဆံကိုယူပြီး cartel တွေနဲ့ ပူးပေါင်းမလား၊ အသက်ကိုရင်းပြီး ဖြောင့်မတ်တဲ့လမ်းကို ရွေးမလားဆိုတာကို ကြည့်ရှုရမဲ့ ရသမျိုးစုံပါဝင်တဲ့ crime drama တစ်ပုဒ်ပဲ ဖြစ်ပါတယ်။