What's happening?

Video Sources 1 Views Report Error

  • Give You A Candy (2024)Unknown resource
Give You A Candy

Give You A Candy

The world is worth itSep. 30, 2024CN
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Give You A Candy (2024)

သေဒဏ်ကျခံရဖို့ နာရီပိုင်းအလိုမှာ ငလျင်ကြီးလှုပ်ခတ်သွားပြီး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် အဲဒီလူဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် အပျက်အစီးတွေကြားထဲက
တခြားလူတွေကို ကယ်တင်မလား။

ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းနဲ့အတူ လူ့သဘာဝရဲ့ အလင်းနဲ့အမှောင်ကို အကောင်းဆုံး ရိုက်ကူးပြထားတဲ့ တရုတ် Disaster Drama ဇာတ်ကားသစ်ကြီး
“Give You A Candy ” (出入平安) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Xiao Yang, Ayunga, Guli Nazha နဲ့ Huang Xiaolei တို့က အဓိကပါဝင်အားဖြည့်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေရဲ့ရင်ကို ထိရှစေမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ကျန့်လိကွင့် ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပြီး သူ့ကိုကွပ်မျက်ဖို့ ခေါ်ဆောင်သွားတဲ့လမ်းမှာပဲ မထင်မှတ်ဘဲ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု
ဝင်ရောက်လှုပ်ခတ်သွားခဲ့ပါတယ်။

အကျဉ်းထောင်ကြီးတစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြိုကျသွားချိန်မှာတော့ သေဘေးကနေ သီသီလေးလွတ်မြောက်သွားတဲ့ကျန့်လိကွင့် နဲ့ တခြားအကျဉ်းသားတွေဟာ ရုတ်တရက် လွတ်လပ်ခွင့်ရသွားသလို ဖြစ်သွားပါတော့တယ်။

ဒါပေမဲ့ အဲဒီလွတ်လပ်ခွင့်ဟာ တကယ့်လွတ်လပ်ခွင့်မဟုတ်ဘဲ နောက်ထပ် ငရဲခန်းတစ်ခုထဲကို ကျရောက်သွားတာနဲ့ အတူတူပါပဲ။ တစ်ချိန်တည်းမှာပဲ တာဝန်ကျေပွန်တဲ့ အကျဉ်းထောင်အစောင့်ရဲအရာရှိ ယွီချီရှောင် ဟာ အပျက်အစီးတွေကြားထဲက လူတွေကို ကယ်တင်ဖို့အတွက် ရဲတွေနဲ့ အကျဉ်းသားတွေ ပူးပေါင်းထားတဲ့ “အထူးကယ်ဆယ်ရေးအဖွဲ့” တစ်ခုကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတော့တယ်။

ဇနီးဖြစ်သူကို စိတ်ပူပြီး ထွက်ပြေးဖို့ချည်းပဲကြိုးစားနေတဲ့ ကျန့်လိကွင့် တစ်ယောက် ရဲအရာရှိ ယွီချီရှောင်ရဲ့ တားဆီးမှုတွေကြားထဲကနေ ဘယ်လိုဆက်လုပ်မလဲ။ သဘာဝဘေးအန္တရာယ်ကြီးရှေ့မှာ
အသက်ရှင်ဖို့ ၂၄ နာရီပဲ အချိန်ကျန်တော့တဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးမလား၊ ဒါမှမဟုတ် ကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပြီး လူ့အသက်တွေကို
ကယ်တင်မလားဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။

ဒီဇာတ်ကားဟာ သာမန် သဘာဝဘေးအန္တရာယ် ဇာတ်ကားတွေလို အပျက်အစီးတွေကိုပဲ ပြသထားတာမဟုတ်ဘဲ သေရေးရှင်ရေး အကျပ်အတည်းကြားထဲက လူသားတွေရဲ့ ရွေးချယ်မှု၊ ကိုယ်ချင်းစာတရားနဲ့ နောင်တတရားတွေကိုပါ လေးလေးနက်နက် ပုံဖော်ထားတာမို့ ကြည့်ရှုသူတိုင်းကို မျက်ရည်လည်စေမဲ့ ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။

Give You A Candy
Give You A Candy
Give You A Candy
Give You A Candy
Give You A Candy
Give You A Candy
Original title 出入平安
TMDb Rating 6.667 3 votes

Similar titles

All Eyes Off Me
The Architecture of Love
We
Builder Boys
Music School
Captain Phillips
Liberation
Sujo
Joyeux Noel
Passages
Tinā
The Ice Tower

Leave a comment