What's happening?

Video Sources 0 Views Report Error

  • Watch traileryoutube.com
  • The Dog Stars (2026)Unknown resource
The Dog Stars

The Dog Stars

At the end of the world, no one survives alone.Aug. 26, 2026US119 Min.
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

The Dog Stars (2026)
++++++++++++

The Dog Stars (၂၀၂၆) ရုပ်ရှင်ကားဟာ နာမည်ကျော် ဒါရိုက်တာကြီး ရစ်ဒလေ စကော့တ် (Ridley Scott) ကိုယ်တိုင် ရိုက်ကူးထားပြီး ၂၀၂၆ ခုနှစ် သြဂုတ်လကုန်ပိုင်းက ရုံတင်ပြသခဲ့တဲ့ Post-apocalyptic (ကမ္ဘာပျက်ပြီးနောက်ပိုင်း) သိပ္ပံနဲ့ သည်းထိတ်ရင်ဖို စွန့်စားခန်း ဇာတ်ကားကြီးဖြစ်ပါတယ်။ စာရေးဆရာ ပီတာ ဟဲလာ (Peter Heller) ရဲ့ ၂၀၁၂ ခုနှစ်ထုတ် ရောင်းအားအကောင်းဆုံးဝတ္ထုကို အသက်သွင်းထားတာပါ။

သရုပ်ဆောင်တွေကတော့
လေယာဉ်မှူး ဟစ်ဂ် အဖြစ် Jacob Elordi
စစ်မှုထမ်းဟောင်း ဘန်ဂလီ အဖြစ် Josh Brolin
စီမာ အဖြစ် Margaret Qualley
စီမာရဲ့ ဖခင် (Pops) အဖြစ် Guy Pearce
ဒါလင်း အဖြစ် Allison Janney
အာရွန် အဖြစ် Benedict Wong တို့က အဓိက ပါဝင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++++

ဇာတ်လမ်းကတော့ ကမ္ဘာကြီးမှာ ဆိုးရွားလှတဲ့ တုပ်ကွေးကပ်ရောဂါကြီး ကျရောက်ပြီးနောက် လူသားအများစုသေဆုံးသွားခဲ့တဲ့ အချိန်ကာလကို နောက်ခံထားပါတယ်။ ဟစ်ဂ် (Hig) ဆိုတဲ့ လေယာဉ်မှူး လူငယ်လေးနဲ့ ဘန်းဂလေ (Bangley) ဆိုတဲ့ စစ်မှုထမ်းဟောင်းတို့ နှစ်ယောက်ဟာ ကိုလိုရာဒို ပြည်နယ်က လူသူကင်းမဲ့တဲ့ နေရာတစ်ခုမှာ အတူတူပုန်းအောင်း နေထိုင်ကြပါတယ်။ ဘန်းဂလေ က အစောင့်အကြပ်နဲ့ လုံခြုံရေးကို တာဝန်ယူပြီး၊ ဟစ်ဂ် ကတော့ သူ့ရဲ့ ခွေးလေး ဂျက်စပါ (Jasper) နဲ့အတူ ဟောင်းနွမ်းနေတဲ့ Cessna လေယာဉ်လေးကို မောင်းပြီး ပတ်ဝန်းကျင်ကို ကင်းလှည့်လေ့လာပါတယ်။

ဒီလိုနဲ့ ခြောက်ကပ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့ ဘဝမှာ တစ်နေ့တော့ ဟစ်ဂ် ရဲ့ လေယာဉ်ရေဒီယိုစက်ကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံလှိုင်းတစ်ခုကို ဖမ်းယူရရှိခဲ့ပါတယ်။ ဒီအသံက အခြားအသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးလိုက်တာကြောင့် ဟစ်ဂ် တစ်ယောက် လုံခြုံတဲ့ သူတို့ရဲ့ နေရာလေးကို စွန့်ခွာပြီး အသံလာရာဆီကို စွန့်စားရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီခရီးစဉ်မှာ သူဟာ စီမာ (Cima) လို့ခေါ်တဲ့ အမျိုးသမီးလေး တစ်ယောက်နဲ့ သူမရဲ့ ဖခင်ဖြစ်သူ အပါအဝင် တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ဆုံရသလို၊ ရက်စက်တဲ့ လူသားစားတဲ့ အုပ်စုတွေလိုမျိုး အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်ရပါတော့တယ်။

ဒီဇာတ်ကားဟာ သာမန် ကမ္ဘာပျက်ဇာတ်ကားတွေလို အက်ရှင်သက်သက် မဟုတ်ဘဲ၊ အထီးကျန်ဆန်မှုတွေကြားထဲက လူသားတွေရဲ့ မေတ္တာတရား၊ ယုံကြည်မှုနဲ့ အသက်ရှင်သန်ချင်စိတ်တွေကို သေချာလေး ရိုက်ပြထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်လို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။

The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
The Dog Stars
Original title The Dog Stars
TMDb Rating 6.6 321 votes

Similar titles

Kung Fu Soccer
The Remnant
Shot Caller
Baaria
The Greatest Hits
The Prequel of Gold Convoyers: A Decisive in Tianya Village
Masked Hearts
Mongol: The Rise of Genghis Khan
Kahi De Ne Prem Chhe
He Went That Way
Full of Love
Crater

Leave a comment