What's happening?

Video Sources 1616 Views Report Error

  • Watch traileryoutube.com
  • Past Lives (2023)Unknown resource
Past Lives

Past Lives

Jun. 02, 2023United States | South Korea106 Min.PG-13
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီ ၊လက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက မမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတစ်ရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။

ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်…

ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်…

တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း ဒါမှမဟုတ် သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်…

ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ နှစ်ဦးသောသူတို့ (၂)သက်၊ (၂) ချစ် ၊ (၂)ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့နှစ်ဦးကြား ဘဝပေါင်း (၈)ထောင်စာ နဲ့ ရှေးရေစက်ပေါင်း (၈)ထောင်ရှိဖို့လိုတယ်တဲ့။

သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတစ်ရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတစ်ရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။

လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။

Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက (၃၈) ဗိုက်ပူကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။

  အချိုးအကွေ့တို့က ရိုးရိုးလေးပဲ
  အစိမ်းသက်သက်မျက်နှာကလေးကို
  ဘဝပျက်သွားအောင် ငေးမောရင်း
  အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။

ဒီရုပ်ရှင်ကြည့်ပြီး ဆရာကြီး အောင်ချိမ့် ရဲ့ ကဗျာတွေထဲက စာလေးတစ်ကြောင်းတောင်သွားသတိရတယ်။

ငါတို့တွေ ဘယ်ရထားမှာလွဲခဲ့လဲ .. တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတက်လဲ

ဒီရုပ်ရှင်ရဲ့ ဇတ်လမ်းလေးက သိပ်ကိုရိုးရှင်းလွန်းသလောက် စိတ်ကို ထိခိုက်အောင် အများကြီးလုပ်သွားတယ်၊ ဒီနှစ်ထဲ ထွက်ခဲ့တဲ့ ရုပ်ရှင်တွေထဲ အကောင်းဆုံးလို့ ဆိုမယ်ဆိုရင်တောင် မလွန်လောက်တဲ့ အနေအထားမှာရှိတယ်။

အလယ်တန်းကျောင်းသားအရွယ် တစ်ယောက်နဲ့ တစ်ယောက်ကြိတ်ပြီးကြွေနေရတဲ့ သူငယ်ချင်း (၂) ယောက်မှာ ကောင်မလေးက တစ်ခြားနိုင်ငံကို အပြီးပြောင်းဖို့ ဖြစ်လာခဲ့တယ် ၊ ပြီးတော့ အသက် (၂၀) ကျော်လောက်မှာ တစ်ခါပြန်ဆုံတယ်၊ နောက်ထပ် သက်လတ်ပိုင်း ၃၀ ကျော် ၄၀ နားလောက်မှာ တစ်ခါပြန်ဆုံတယ် ဒီလောက်ပဲ။

ဒီဇာတ်လမ်းထဲမှာ အဓိက ဇာတ်ဆောင် (၃) ယောက်ပဲပါတယ်၊ ဇာတ်လမ်းတစ်လျှောက်လုံး climax မပါသလို protagonist လည်းမရှိဘူး၊ antagonist လည်းပါမနေဘူး၊ ရှုထောင့်ကိုယ်စီနဲ့ လက်တွေ့အရမ်းဆန်တယ်။

တကယ်ချီးကျူးရမှာက ဒီရုပ်ရှင်ရဲ့ အမျိုးသမီး Director ဖြစ်တဲ့ Celin Song နဲ့ A24 production ကိုပဲ၊ Celin Song က ဒါသူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ရုပ်ရှင်ဖြစ်သလို သူ့ဘဝတစ်စိတ်တစ်ပိုင်းကို ဇတ်လမ်းအဖြစ် သူကိုယ်တိုင် ဖန်တီးခဲ့တာပေါ့။ သူကိုယ်တိုင်ကလည်း ကိုရီးယားကနေ ကနေဒါ Immigrant တစ်ယောက်ဆိုတော့ ဒီရုပ်ရှင်က တကယ့်ကို ရုပ်ရှင်မဆန်ဘဲ လက်တွေ့သိပ်ဆန်လွန်းတယ်။

လက်ရှိအချိန်မှာ ခင်ဗျားက အသက် ၃၀ ဝန်းကျင်လောက်ဖြစ်နေပြီး ဘဝ တစ်ကွေ့ကွေ့မှာ တစ်စုံတစ်ယောက်နဲ့ လွဲခဲ့ဘူးတယ်ဆိုရင်တော့ …

Past Lives
Past Lives
Past Lives
Past Lives
Past Lives
Past Lives
Past Lives
Past Lives
Past Lives
Past Lives
Original title Past Lives
IMDb Rating 8.2 15,930 votes
TMDb Rating 7.8 116 votes

Director

Celine Song
Director

Cast

Similar titles

The Good Lie
Luckless in Love
Liberation
Cake
Blood Brothers: Dragon’s Embers
Border 2
Unarvugal Thodarkadhai
11 Rebels
Namo Bhoothathma 2
Checkin’ It Twice
The Lost Bus
99 Moons

Leave a comment