အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမဲ့ ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ်ယောက်။
ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါတစ်ရံ လစ်ရင်လစ်သလို ယောင်္ကျားတွေနဲ့တစ်ယောက်ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်လူးတတ်တဲ့အကျင့်
လေးရှိတာကတစ်ပိုင်းပေါ့လေ။
အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီကတော့ မူးယစ်ဆေးတွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။
အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။