What's happening?

Video Sources 597 Views Report Error

  • Watch traileryoutube.com
  • American Star (2024)Unknown resource
American Star

American Star

Jan. 26, 2024United States107 Min.R
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

အဓိက ဇာတ်ဆောင်ကတော့ အားလုံးမြင်ဖူးပြီးသားဖြစ်တဲ့ John Wick ထဲက ဟိုတယ်ပိုင်ရှင်ကြီး၊ Pirates of the Caribbean ထဲက Captain Blackbeard ဖြစ်တဲ့ မင်းသားကြီး Ian McShaneပါ။ ဒီဇာတ်ကားထဲမှာတော့ သူဟာ စစ်သားဟောင်းကြီးတစ်ဖြစ်လဲ ကြေးစားလူသတ်သမားလုပ်တဲ့ ဝီလ်ဆန်အဖြစ်မြင်တွေ့ရမှာပါ။

‘American Star’ ဆိုတာက ကန်နေရီကျွန်းများထဲမှ ကမ်းခြေတစ်ခုမှာသောင်တင်နေတဲ့ အမေရိကန်စစ်သင်္ဘောကြီးကိုခေါ်တာပါ။ ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တိုက်ရေယာဥ်၊သယ်ပို့ယာဥ်အဖြစ် အမျိုးမျိုးအသုံးတော်ချခဲ့ပြီး စစ်ကြီးအပြီးမှာလည်းကုန်သယ်ဖို့၊ ဟိုတယ်ဖွင့်ဖို့ စတဲ့ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ‌လက်ဆင့်ကမ်းရောင်းဝယ်ခဲ့ကြတဲ့ သင်္ဘောကြီးပါ။ နောက်ဆုံးတော့ ၁၉၉၄-ခုနှစ်အရောက်မှာ ဟိုတယ်ဖွင့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဂရိကနေထိုင်းနိုင်ငံကိုပို့ဆောင်ရင်း လမ်းခုလတ်မှာမုန်တိုင်းမိပြီး ဘာမှမဆီမဆိုင်တဲ့ ဖွယ်တီဗန်တူရာကျွန်းမာသောင်တင်နေခဲ့ပါတယ်။

၂၀၂၂-ခုနှစ်အရောက်မှာတော့ ဒီသင်္ဘောပျက်ကြီးကို လူလုပ်သန္တာကျောက်တန်းအဖြစ်အသုံးချလိုက်တာမို့ ပင်လယ်မျက်နှာပြင်မှာလုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ ဘာလို့ဒီအကြောင်းတွေပြောနေရလဲဆိုရင် ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကို ဒီသင်္ဘောနဲ့ ခိုင်းနှိုင်းပြီး ဇာတ်အိမ်တည်ထားလို့ပါပဲ။

ကြေးစားလူသတ်သမားဖြစ်တဲ့ ဝီလ်ဆန်ဟာ သူ့ရဲ့ပစ်မှတ်ကိုလုပ်ကြံဖို့အတွက် ဖွယ်တီဗန်တူရာကျွန်းကိုရောက်လာခဲ့ပါတယ်။ သို့ပေမယ့် ပစ်မှတ်ဟာ အဲ့ဒီကျွန်းမှာရှိမနေခဲ့တာကြောင့် ဝီလ်ဆန်တစ်ယောက် ပစ်မှတ်အလာကိုစောင့်ရင်း ကျွန်းပေါ်မှာအချိန်ဖြုန်းဖို့ကြံခဲ့ပါတယ်။ ကျွန်းပေါ်မှာနေတဲ့ကာလအတွင်း ဝီလ်ဆန်ဟာဘယ်လိုလူတွေနဲ့ကြုံတွေ့ရမလဲ၊ သူ့အလုပ်ကိုရော ပြီးမြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။

#AmericanStar #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

American Star
American Star
American Star
American Star
American Star
American Star
Original title American Star
IMDb Rating 5.4 1,078 votes
TMDb Rating 5.036 14 votes

Similar titles

Haunt Season
Red Rooms
Tinā
Shadow Master
Ponmagal Vandhal
Mission Raniganj
Everybody Loves Me When I’m Dead
Giant
The Godfather
Revolver
Original Sinful Affairs
Gold Rush Gang

Leave a comment