What's happening?

Video Sources 1 Views Report Error

  • Watch trailer
  • A Private Life (2025)
A Private Life

A Private Life

Sep. 27, 2025France108 Min.R
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

A Private Life (2025)

ဒီတစ်ခါတော့ ပြင်သစ်ဒါရိုက်တာ Rebecca Zlotowski ရိုက်ကူးထားပြီး အော်စကာဆုရှင် မင်းသမီးကြီး Jodie Foster ပါဝင်ထားတဲ့ A Private Life (မူရင်းနာမည် – Vie privée) ဆိုတဲ့ ပြင်သစ် စုံထောက်-ဟာသ သည်းထိတ်ရင်ဖို ကားသစ်လေး တင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကတော့ ပဲရစ်မြို့မှာနေတဲ့ အမေရိကန် စိတ်ရောဂါကုဆရာဝန်မကြီး လီလီယန် (Lilian) ဟာ သူ့ဆီမှာ နှစ်ရှည်လများ ဆေးကုသနေတဲ့ လူနာ ပေါ်လာ (Paula) ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတာကနေ စထားတယ်။ လီလီယန်က ဒါဟာ သတ်သေတာမဟုတ်ဘဲ သေချာပေါက် လူသတ်မှုပဲဆိုပြီး သံသယဝင်သွားတယ်။

အဲဒီတော့ ဆရာဝန်မကြီးကနေ စုံထောက်အဖြစ် အသွင်ပြောင်းပြီး သူ့ရဲ့ ခင်ပွန်းဟောင်း ဂါဘရီရယ် (Daniel Auteuil) ကိုပါ အဖော်စပ်လို့ သူတို့ကိုယ်တိုင် တရားခံကို လိုက်ရှာကြပါတော့တယ်။ လူသတ်သမားက ပေါ်လာရဲ့ ခင်ပွန်းလား၊ သမီးဖြစ်သူလား ဆိုတာတွေကို လီလီယန်တို့ ဇနီးမောင်နှံဟောင်းနှစ်ယောက် တလွဲတချော်တွေနဲ့ ဘယ်လို လိုက်စုံစမ်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။

ဒီကားမှာ အမိုက်ဆုံးကတော့ မင်းသမီးကြီး Jodie Foster ကို တကယ့်အထာကျကျ ပြင်သစ်စကားပြောစတိုင်နဲ့ မြင်တွေ့ရမှာပဲဗျ။ သာမန် စုံထောက်ကားတွေလို အလေးအနက်ကြီး အသည်းအသန် လိုက်ရှာနေတာမျိုး မဟုတ်ဘဲ၊ လီလီယန်နဲ့ သူ့ခင်ပွန်းဟောင်းတို့ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ စုံထောက်အလွဲလေးတွေက တော်တော်လေး ဆွဲဆောင်မှုရှိတယ်။

ဒါ့အပြင် အတိတ်ဘဝက ဒုတိယကမ္ဘာစစ်အတွင်းက ဂျူး-ပြင်သစ် အဖြစ်အပျက်တွေကိုပါ အိပ်မက်တွေကနေတစ်ဆင့် ရောယှက်ပြသသွားတာမို့ ထူးခြားတဲ့ စိတ်ပညာပိုင်းဆိုင်ရာ ဇာတ်ကွက်လေးတွေပါ ပါသေးတယ်။ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ခံစားချက်တွေကို Art House ဆန်ဆန် အနုပညာမြောက် ရိုက်ချက်တွေနဲ့ ရိုက်ပြထားတာကလည်း တကယ့်ကို သဘောကျစရာပါပဲ။

ဒီကားလေးက သွေးထွက်သံယို အကြမ်းစား စုံထောက်ကားတွေထက်၊ ဥရောပစတိုင် အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါး စိတ်ပညာလျှို့ဝှက်ချက်တွေကို လိုက်ရှာရတဲ့ အငွေ့အသက်မျိုးကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာ အသေအချာပါပဲဗျာ။

ပြင်သစ်ရုပ်ရှင်တွေကို ခုံမင်တဲ့သူတွေ၊ Jodie Foster ရဲ့ သရုပ်ဆောင်ကွက်တွေကို အလန်းစား ပြင်သစ်ဘာသာစကားနဲ့ ခံစားကြည့်ချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ အေးဆေး အပန်းဖြေကြည့်လို့ကောင်းမဲ့ ကားကောင်းတစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်ဗျ။

A Private Life
A Private Life
A Private Life
A Private Life
A Private Life
A Private Life
A Private Life
A Private Life
A Private Life
A Private Life
Original title Vie privée
IMDb Rating 6.3 2,130 votes
TMDb Rating 5.798 84 votes

Director

Cast

Jodie Foster isLilian Steiner
Lilian Steiner
Daniel Auteuil isGabriel Haddad
Gabriel Haddad
Virginie Efira isPaula Cohen-Solal
Paula Cohen-Solal
Mathieu Amalric isSimon Cohen-Solal
Simon Cohen-Solal
Vincent Lacoste isJulien Haddad-Park
Julien Haddad-Park
Luàna Bajrami isValérie Cohen-Solal
Valérie Cohen-Solal
Noam Morgensztern isPierre Hallant
Pierre Hallant
Sophie Guillemin isJessica Grangé
Jessica Grangé
Frederick Wiseman isDr. Goldstein
Dr. Goldstein
Aurore Clément isPerle Friedman
Perle Friedman

Similar titles

Leo
Serpent’s Path
Zombie General
Detained
Hit-and-Run Squad
Confidential Informant
Play Dirty
Love Life Light
Salaar: Part 1 – Ceasefire
River Wild
You’re Next
The Great Indian Suicide

Leave a comment