What's happening?

Video Sources 521 Views Report Error

  • Watch trailer
  • Abandoned Man (2025)
Abandoned Man

Abandoned Man

Aug. 22, 2025n/A91 Min.n/A
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ရီဗျူးကောင်းတွေလည်းရထားပြီး ကြည့်လိုက်သူတိုင်း ရင်ကိုနွေးထွေးသွားစေမဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အဓိကဇာတ်ကောင် ဘာရန်ဟာ စိတ်ထားလှတဲ့ လူငယ်လေးဖြစ်ပေမဲ့လည်း အသက် မပြည့်သေးခင်မှာတင် အစ်ကိုဖြစ်သူရဲ့ ကားတိုက်ပြေးမှုကို ကိုယ်စားဝင်ပြီး ထောင်ကျခံခဲ့ရပါတယ်။ ကိုယ်တိုင် အပြစ်မကျူးလွန်ခဲ့‌ပေမဲ့လည်း အစ်ကိုဖြစ်သူနဲ့ မိသားစုဝင်တွေကို ထောက်ထားပြီး ၁၅-နှစ်ကြာ ထောင်ထဲမှာ လူငယ်ဘဝကို ကုန်ဆုံးခဲ့ရပါတယ်။

သူထောင်က ပြန်လွတ်လာတဲ့အခါမှာ သူ့အစ်ကိုဖြစ်သူက မိသားစုအတည်အကျနဲ့ သမီးလေးတစ်ယောက်လည်းရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ကိုယ်စား ထောင်ကျခံပေးခဲ့ရတဲ့ ညီဖြစ်သူဘာရန်အပေါ် အပြစ်ရှိတဲ့စိတ်ကြောင့် ဘာရန်ကို သူ့အိမ်မှာနေဖို့စားဖို့ ခေါ်သွားခဲ့ပါတယ်။

တစ်နေ့မှာ ဘာရန်ရဲ့အစ်ကိုတို့မိသားစုဟာ ခရီးသွားရင်း မတော်တဆမှုကြောင့် အစ်ကိုရဲ့မိန်းမကဆုံးပြီး ဘာရန်ရဲ့အစ်ကိုကတော့ အပြင်းအထန်ဒဏ်ရာကြောင့် ဆေးရုံမှာ ကိုမာဝင်သွားခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့ရဲ့သမီးလေး လစ်ဒီယာကို ဘာရန်က စောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပြီး ဦးလေးနဲ့ တူမအကြားက ၅၂၈ မေတ္တာဖွဲ့ကို ကြည့်ရှုရမဲ့ ရုပ်ရှင်ကားမျိုးပါ။

သူ့ကိုယ်သူ “အစွန့်ပစ်ခံလူ”လို့ သတ်မှတ်ထားခဲ့တဲ့ ဘာရန်ဟာ တူမလေး လစ်ဒီယာကို သူ့လိုမျိုး ကလေးဘဝ စိတ်ဒဏ်ရာတွေမရစေဖို့ အစွမ်းကုန်ကြိုးစားပေးပုံကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ရဲ့အစမှာပါဝင်တဲ့ စာကြောင်းလေးအတိုင်း ဒီရုပ်ရှင်ဟာ “ဒဏ်ရာရ နှလုံးသားပိုင်ရှင် ကလေးငယ်များနဲ့ ထိုဒဏ်ရာများကို ကုစားပေးသူများအတွက်“ရည်ရွယ်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Abandoned Man
Original title Metruk Adam
IMDb Rating 5.7 10 votes
TMDb Rating 7.6 43 votes

Similar titles

My Sassy Girl
Dogman
Builder Boys
Dark Nuns
The Redemption of Sin
The Unseen Sister
HER: Chapter 1
Elegy
OMG 2
The Stone
Golda
Haslers

Leave a comment