What's happening?

Video Sources 523 Views Report Error

  • Watch traileryoutube.com
  • Amerikatsi (2022)Unknown resource
Amerikatsi

Amerikatsi

Freedom is a state of mind.Jul. 21, 2022Armenia115 Min.n/A
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Amerikatsi ဟာ သူ့ Tagline နဲ့ တော်တော်လိုက်ဖက်တဲ့ ရုပ်ရှင်တစ်ကားလို့ပြောရမယ်။ ပြောရရင် ဒီဇာတ်ကားတစ်ခုလုံးရဲ့ Point of View ဟာ “Freedom is a state of mind” ဆိုတဲ့ သူ့ Tagline ပဲ။ ၁၈၉၀-ကနေ ၁၉၁၉-အထိ အာမေးနီးယားနိုင်ငံသားတွေ ၃-ကြိမ်တိတိ အစုအပြုံလိုက်အသတ်ခံရဖူးတယ်။ အဲဒီလိုအခြေအနေတွေမှာ နိုင်ငံကနေထွက်ပြေးပြီး အမေရိကန်ကို ဝင်ရောက်ခိုလှုံခဲ့တဲ့ အာမေးနီးယန်းတွေ ရှိခဲ့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ ၁၉၁၅-မှာစခဲ့တဲ့ Armenian Genocide ကာလမှာ ကလေးပေါက်စလေးဘဝနဲ့ အမေရိကန်ကိုထွက်ပြေးခိုလှုံခဲ့တဲ့သူပေါ့။

သူ့နာမည်က ချာလီဘတ်ချင်ရန်။ နှစ်တွေတော်တော်ကြာပြီး လူကြီးဖြစ်လာတဲ့အချိန် သူ့ဇစ်မြစ်နိုင်ငံ ဇာတိမြေ အာမေးနီးယားနိုင်ငံအကြောင်းသိချင်သလို အာမေးနီးယားနိုင်ငံသားတွေကိုလည်း တွေ့ချင်တယ်ဆိုတဲ့စိတ်နဲ့ အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး ဆိုဗီယက်သမဂ္ဂနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ဆိုဗီယက်အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အာမေးနီးယားနိုင်ငံစစ်စစ်မဟုတ်ဘဲ ဆိုဗီယက်အောက်က အာမေးနီးယားဆိုတော့ တကယ်တမ်းအာဏာကို ကိုင်ထားတာက ရုရှတွေ။ သူတို့က အာမေးနီးယားတွေကို ရွံစရာကောင်တွေလို့ပဲမြင်ပြီး ဖိနှိပ်ကြတယ်။ ချာလီဟာ ဒီလို အာမေးနီးယားကို ပြန်ရောက်လာခဲ့တယ်။

ကံကောင်းချင်တော့ ရာထူးကြီးကြီးထဲက လူတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ရဲ့ ကလေးကို ကယ်ပေးလိုက်ရင်း အဲဒီမိန်းမနဲ့ သိကျွမ်းသွားရာက ချာလီ အဆင်ပြေဖို့ လမ်းစလေး ပွင့်မလိုဖြစ်လာတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီရာထူးကြီးကြီးလူကမှ သူ့ကို အန္တရာယ်ပေးမဲ့သူဖြစ်နေပြီး နက်ကတိုင်တပ်တဲ့အမှုနဲ့ ထောင်ထဲထည့်ပစ်ပြီး ထောင်ဒဏ် ၁၀-နှစ်နဲ့ ဆိုက်ဘေးရီးယားကို အလုပ်ကြမ်းနဲ့နယ်နှင်ဖို့အထိပါ သူ့တပည့်တွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး ထောင်ရော တစ်မြို့လုံးရော ပျက်စီးသွားတဲ့နောက် မြို့ပေါ်မှာပဲ ထောင်သားတွေကို ပျက်စီးသွားတာတွေကို ပြင်ဖို့ဆင်ဖို့ အလုပ်ကြမ်းတွေ ခိုင်းဖို့အကြောင်းဖန်လာခဲ့တယ်။ အဲဒီထောင်ကလည်း တော်တော်ကြမ်းတယ်။ အလုပ်ကြမ်းလည်း ဆက်တိုက်ခိုင်းနေရင်းကို သောကြာနေ့ဆို ပလိန်းကြီး ထောင်သားတွေကို တစ်ယောက်ချင်းစီ အခန်းထဲခေါ်ပြီး ထောင်စောင့်တစ်ယောက်ကို အသေရိုက်ခိုင်းတဲ့ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်မျိုးအထိပါ လုပ်တယ်။ ဒီလိုနဲ့ မတရားခံပြီးနေနေရင်း သူ့ကို တိုက်ပိတ်ထားတဲ့ ထောင်ခန်းပြတင်းပေါက်ကနေ အာမေးနီးယားသား ထောင်စောင့်တစ်ဖြစ်လဲ ပန်းချီဆရာဟောင်းလင်မယားနေတဲ့ တိုက်ခန်းကို သူနေ့တိုင်းကြည့်နေခဲ့တယ်။ အဲဒီလိုကြည့်ပြီးနေရတာကိုက သူ့ဘဝအဓိပ္ပာယ်လို ဖြစ်လာခဲ့တယ်။ ဒီမတရားမှုကြီးကို သူစိတ်မပျက်ခဲ့သလို လက်လည်းမလျှော့ခဲ့ဘူး။ ဟိုးဘက်ခြမ်းက မီးလင်းနေတဲ့ တိုက်ခန်းလေးမှာ လှုပ်နေရှားနေတာတွေကို ကြည့်ရင်း ပျော်ပျော်ကြီး သူနေလာခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့အရာဟာ သူသိချင်ခဲ့တဲ့ သူ ဒီနိုင်ငံကိုရောက်လာခဲ့တဲ့အကြောင်းရင်းဖြစ်တဲ့ အာမေးနီးယားနိုင်ငံသားတွေရဲ့ ဘဝဆိုတာကို သူကောင်းကောင်းကြီး နားလည်ခဲ့တယ်။ ပြတင်းပေါက်က သူမြင်နေရတဲ့လူရဲ့ဘဝကိုကပဲ ဆိုဗီယက်တွေ ဖိနှိပ်ခံထားရတဲ့ အားမေးနီးယားတွေရဲ့ အခြေအနေကို ထပ်ဟပ်နေခဲ့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာထက် ဒီဇာတ်က ဘာအကြောင်းလဲဆိုတာက ပိုအဓိကကျလိမ့်မယ်။

ဆက်ဖြစ်တာတွေကတော့ ဆန်းတယ်လို့ပြောလည်းရတယ် ၊ မဆန်းဘူးလို့ ပြောလည်းရတယ်။ ဘာလို့ဆို ဆက်ဖြစ်တာတွေက ဒီလိုကားမျိုးတွေမှာ ကျွန်တော်တို့ မလွဲမသွေမြင်ရမယ့် အခြေအနေတွေပဲ… အဲဒါတွေတော့ မဆန်းဘူး။ ဆန်းတာက ချာလီ့ တုံ့ပြန်ပုံပဲ။ သူ့မျက်နှာမှာရော သူ့လုပ်ရပ်တွေမှာရောပေါ်နေတဲ့ သူ့နှလုံးသားဟာ ပကတိရှင်းလင်းနေတယ်။ မကျေနပ်ချက်‌တွေ မတွေ့ရဘူး။ ဘယ်လောက်ရှင်းလင်းနေသလဲဆို မျှော်လင့်ချက်ထားတာကိုတောင် မမြင်ရဘူး။ လွတ်လပ်ခြင်းဆိုတာ စိတ်ရဲ့အခြေအနေသက်သက်ပဲဆိုတဲ့ Tagline နဲ့ လုံးဝအံဝင်ခွင်ကျဖြစ်နေတယ်။

အဓိကဇာတ်ကောင် ချာလီနေရာက သရုပ်ဆောင်တဲ့သူလည်းဖြစ် ၊ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းဆရာလည်းဖြစ် ၊ တည်းဖြတ်သမားလည်းဖြစ်တဲ့ Michael A. Goorjian ဟာ တော်တော်တော့မခေပါဘူး။ Amerikatsi ဟာ ဒီနှစ်အော်စကာမှာ အာမေးနီးယန်းကိုယ်စားပြုရုပ်ရှင်ဖြစ်ခဲ့သလို Shortlist ၁၅-ကားထဲလည်း ဝင်ထားပါတယ်။ ဆန်ခါတင်ထဲဝင်ရင်တော့ အော်စကာဆန်ခါတင်ပထမဆုံးဝင်တဲ့ အာမေးနီးယားရုပ်ရှင်ဖြစ်လာပါလိမ့်မယ်။ မသေတော့မသေချာပါဘူး။ ဒီ ၁၅-ကားမှာ ဂန္ထဝင်ဒါရိုက်တာကြီးတွေရဲ့ကားတွေပါ ပါနေသလို ကားကောင်းတွေလည်းတော်တော်များနေတယ်။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အချက်ကတော့ ငြင်းမရပါဘူး။ ဒီရုပ်ရှင်ဟာ တစ်ခါတလေကျ ကျွန်တော်တို့ခေါင်းထဲရှိနေဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုကိုပြထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ အဆိုးဆုံးအခြေအနေမှာတောင် မယိမ်းယိုင်ခဲ့တဲ့ နှလုံးသားတစ်ခုအကြောင်းပါပဲ။

#Amerikatsi #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Amerikatsi
Amerikatsi
Amerikatsi
Amerikatsi
Original title Ամերիկական
IMDb Rating 7.2 639 votes
TMDb Rating 7.857 8 votes

Similar titles

Elegy
Teenage Mutant Ninja Turtles: Mutant Mayhem
Thundu
200 Pounds Beauty
Gangstas
Family of Winners
Row to Win
The Assessment
G for Gap
Bad Caller
Steve
Papa

Leave a comment