
Bromance (2025)
ရုပ်ရှင်အမျိုးအစား – Drama
IMDb 6.3 / 10
———————————————
မလေယာလမ်းဇာတ်ကားတွေက အစပိုင်းမှာ အေးပေမဲ့ နောက်ပိုင်းရောက်လာလေ ထိုင်ရာကမထကြည့်ချင်လေဆိုတာတော့ မလေယာလမ်းပရိသတ်တို့ သိကြမှာပါ။
ဒီဇာတ်ကားမှာလည်း အစပိုင်းမှာတော့ ဖြည်းဖြည်းချင်းသွားပေမဲ့ ဇာတ်ရှိန်မြင့်လာလေ ဆွဲထုတ်မိတဲ့အစပေါင်း များလာလေပါပဲ။
ရှင်တိုနဲ့ ဘင်တိုဆိုတဲ့ ညီအစ်ကို ၂-ယောက်.. ရှင်တိုကတော့ အကြီးပီပီ လုပ်တတ်ကိုင်တတ် တာဝန်ယူတတ်ပြီးမိသားစုရဲ့ အားထားရာပေါ့။ ဘင်တိုကတော့ အလုပ်မရှိ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့အလေလိုက် ရန်ပွဲတွေဖြစ်နဲ့
ညီအစ်ကိုပေမဲ့ မိုးနဲ့မြေလောက်ကွာနေပါတယ်။
တစ်နေ့ ကျ ရုတ်တရက် ရှင်တိုပျောက်သွားပါတယ်။ ဖုန်းဆက်မရ
လူလည်းမတွေ့ရလို့ ရှင်တို့ သူငယ်ချင်းက ဘင်တိုကိုဖုန်းဆက်ပြီး ကိုချီကိုတက်လာခဲ့ဖို့ပြောပါတယ်။ ဒီလိုနဲ့ ၂ -ယောက်သားပူးပေါင်းပြီး ရှင်တိုကိုရှာမဲ့ခရီးစဉ် စတင်ပါတော့တယ်။ ဒီခရီးတစ်လျှောက် သူတို့ ၂-ယောက်ဘာတွေအစဆွဲထုတ်မိမလဲ? သူ့အစ်ကိုကရော ဘာဖြစ်လို့ပျောက်သွားတာလဲ ပြန်တွေ့နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်…