ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့သူတွေရော၊ ဘောလုံးအကြောင်း ဘာဆိုဘာမှ မသိတဲ့လူတွေအတွက်ပါ လုံးဝမစိမ်းတဲ့နာမည်တစ်ခုပါ၊ လန်ဒန်ဇာတိဖြစ်တဲ့ ဘက်ခမ်းဟာ ပရိုကစားသမားဘဝကို အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်မှာ အစပြုခဲ့ပြီး ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်တို့လို ကမ္ဘာ့ထိပ်သီးအသင်းတွေမှာ လည်း ကစားခဲ့ဖူးသူပါ၊ ပရီးမီးယားလိဂ်ဖလား ၆-လုံး၊
အက်ဖ်အေဖလား၂-လုံး လာလီဂါဖလား ၁-လုံး၊ ချန်ပီယံလိဂ်ဖလား ၁-လုံးအပြင် ဆုဖလားပေါင်းများစွာရရှိဖူးတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ အောင်မြင်မှုဟာ မေးခွန်းထုတ်စရာမရှိပါဘူး။ ဒါ့အပြင် ဗြိတိန်နာမည်ကျော် Spice Girls အဆိုတော်အဖွဲ့ဝင် ဗစ်တိုးရီးယားနဲ့ လက်ထပ်ပြီးနောက် ဘက်ခမ်းဟာ ဘောလုံး သမားတစ်ယောက်ရဲ့အောင်မြင်မှုအပြင် celebrity တစ်ဦးရဲ့အောင်မြင်မှု၊ သူ့ရဲ့ပုံရိပ်မြှင့်တင်မှုတွေပါ လုပ်လာခဲ့ပြီး ကမ္ဘာပေါ်မှာ မသိသူမရှိတဲ့ Sportsman, Merchandising icon တစ်ဦးဖြစ်လာခဲ့သူပါ။
ဒီလိုအောင်မြင်မှုတွေ ရရှိလာခြင်းနဲ့အတူ သူပေးဆပ်လိုက်ရတဲ့အရာတွေကို ဒီ documentary ထဲမှာ အတိအလင်းဖော်ပြထားပါတယ်၊ မန်ယူနိုက်တက်ရဲ့ သမိုင်းဝင်ဖလား ၃-လုံးအောင်မြင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သလို ၂၀၀၂-မှာ ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဘက်ခမ်းဟာ သူ့ရဲ့ image ကို ဘောလုံးကစားတာထက် ပိုအလေးပေးတာလို့ နောက်ဆက်တွဲဖြစ်လာတဲ့ ဆာအဲလက် ဖာဂူဆန်နဲ့ အကွဲအပြဲဇာတ်လမ်းတွေ၊ ထိုမှတဆင့် ရီးရဲလ်အသင်းကို ထွက်သွားရပြီး ထိပ်သီးဘောလုံးသမားဘဝမှ တဖြည်းဖြည်းမှေးမှိန်သွားပုံကို မြင်တွေ့ရမှာပါ၊
ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ကျိန်စာလို့ဆိုရမဲ့ ကမ္ဘာ့ဖလား ၄-ကြိမ်အပါအဝင် နိုင်ငံတကာဖလား အောင်မြင်မှုမရှိတဲ့ကိစ္စမှာ အသင်းခေါင်းဆောင်အနေနဲ့ အဓိကထိုးနှက်ခံရပုံတွေကို Documentary နာမည်နဲ့အညီ ပိုအသားပေးဖော်ပြထားပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေးဗစ်ဘက်ခမ်းဆိုတဲ့ နာမည်တစ်လုံးဟာ မန်ယူနိုက်တက်နဲ့ အင်္ဂလန်ပရိတ်သတ်တွေကြားမှာ ဂန္ထဝင်တစ်ဦးအဖြစ် အမြဲရှိသွားမှာဖြစ်သလို မော်ဒန်ဘောလုံးသမားတစ်ဦးရဲ့ ကစားသမားဘဝနဲ့ ကိုယ့်ရဲ့ပုံရိပ် အောင်မြင်မှုအချိုးကျအောင် ဘယ်လိုလုပ်ပြရမလဲဆိုတာကို ရှေ့ဆောင်လမ်းပြခဲ့သူလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
#DavidBeckhamInfamous #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames