What's happening?

Video Sources 486 Views Report Error

  • Watch traileryoutube.com
  • The Antisocial Network: Memes to Mayhem (2024)Unknown resource
The Antisocial Network: Memes to Mayhem

The Antisocial Network: Memes to Mayhem

Mar. 10, 2024United States86 Min.TV-MA
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

The Antisocial Network – Memes To Mayhem ဆိုတဲ့ ဇာတ်ကားကတော့ Documentary လို့ ခေါ်တဲ့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာ
အကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ Rating တွေကတော့ IMDb – 6.3/10နဲ့ Rotten Tomato မှာ Tomatometer 92 တောင် ရထားတာပါ။
တကယ်ကြည့်လိုက်ပြီးရင်တော့ Rating တွေက နည်းတောင်နေသေးပါ့လားလို့ ခံစားမိစေမဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။

ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ Hacker Group ဖြစ်တဲ့ Anonymous လို့ ဖြစ်လာမဲ့ လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကို ရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေက ပြန်ပြောပြထားတာပါ။

ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အခုနောက်ဆုံး ၂၀၂၀-ခုနှစ် အမေရိကန်ရွေးကောက်ပွဲအထိ အင်တာနက်ယဉ်ကျေးမှုရဲ့အရွေ့နဲ့ အရေးပါပုံတွေ အကြောင်းကို ပုံဖော်ရိုက်ပြထားတာပါ။ ဘာအကြောင်းတွေ သိသွားရမလဲဆို အခုမြင်နေရတဲ့ Memes တွေအကြောင်း၊ Social Network တွေအကြောင်း၊ နာမည်ကြီး Hacker Group ဖြစ်တဲ့ Anonymous အကြောင်း၊ Trump သမ္မတ ဖြစ်လာတာရဲ့ အကြောင်းပြချက်တွေ အကျိုးဆက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်လာခဲ့တဲ့ အမေရိကန်နဲ့ ကမ္ဘာ့နိုင်ငံတစ်ချို့က ဆူပူအုံကြွမှုတွေအကြောင်းတွေအပြင် အင်တာနက်သုံးစွဲသူ လူတွေရဲ့ အမူအကျင့်နဲ့ စိတ်သဘောသဘာဝ၊ အင်တာနက်ကို အသုံးချနိုင်မှုရဲ့ ကောင်းကျိုးတွေ ကြောက်စရာဆိုးပြစ်တွေနဲ့ နောက်ထပ်နောက်ထပ်တွေ အများကြီး သိသွားရမှာပါ။

မှတ်တမ်းရုပ်ရှင်ဆိုတော့ အဲ့လောက်အများကြီးကို သတင်းတွေလို ထိုင်ပြောပြနေမှာများလားလို့ထင်သွားရင် မှားပါလိမ့်မယ်။ ကြားဖူးပြီး မကြုံဖူးတဲ့ကိစ္စတွေကို ကြည့်နေရတာက ကိုယ်ပါတကယ် အဲ့ဒီအဖြစ်အပျက်တွေထဲ ရောက်သွားပြီး သိမြင်လာရသလို ခံစားရစေမှာပါ။ ကိုယ်တွေ့ကြုံဖူးကောင်းကြုံဖူးနိုင်တဲ့ ကြားဖူးတဲ့ဖြစ်ရပ်တွေနဲ့ တူတာတွေလည်း အများကြီးပါနေနိုင်ပါတယ်။
လိုက်ကြည့်နေရင်းက နားလည်သဘောပေါက်မြင်သိလာရတာတွေ တကယ့်ကို အများကြီးပါ။ လူကြီးလူငယ်မရွေး သဘောကျမဲ့ ဇာတ်ကားမျိုးပါ။

တကယ့်ဖြစ်ရပ်မှန်ကို တကယ့်အပြင်ကလူတွေက ပြောပြတာကို နားထောင် လိုက်ကြည့်ရင်း သူတို့နဲ့အတူ ပျော်ရွှင် တက်ကြွ စိတ်ညစ် စိတ်ပျက် အံ့ဩ သနား ကြောက်ရွံ့ ထိတ်လန့်နဲ့ အစရှိသဖြင့် တကယ့်ကို
ရသမျိုးစုံကိုလည်း ခံစားရစေပါတယ်။ ကိုယ်သိမြင်တွေ့ကြုံလိုက်ရတာတွေ များလွန်းလို့ ၁ နာရီနဲ့  ၂၅ မိနစ်ဆိုတဲ့အချိန်က တန်လိုက်တာလို့ ခံစားမိစေနိုင်မဲ့ ဇာတ်ကားမျိုးဖြစ်မှာပါ။ တကယ့် အပြင်က နာမည်ကြီး Hacker တွေဖြစ်တဲ့ Anonymous ဆိုတဲ့ ဆရာကြီးတွေနဲ့ အတူ တကယ့်အပြင်က လူတွေနဲ့ ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်လို့ မင်းသား မင်းသမီးရယ်လို့ ထူးပြောစရာမပါပါဘူး။ “မကောင်းတာကို မပါဘူးလားဟ” ဆိုလည်း ထူးပြောစရာမပါပါဘူး။
ပါခဲ့ရင်တောင် တခြားကြိုက်ချင်စရာ ကောင်းတာတွေက အများကြီးပိုမှာ သေချာတယ်လို့ ပြောလို့ရတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဟုတ် မဟုတ် သိရအောင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

#BigStan #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

The Antisocial Network: Memes to Mayhem
The Antisocial Network: Memes to Mayhem
Original title The Antisocial Network: Memes to Mayhem
IMDb Rating 6.3 1,096 votes
TMDb Rating 6.5 9 votes

Director

Cast

Similar titles

The Bibi Files
Poisoned: The Dirty Truth About Your Food
Sly
The Jewel Thief
Robert Downey Jr.: High Altitude
Pay or Die
Hijacked: Flight 73
Kelce
Naturist Cleaners
After the Bite
Race to the Summit
Super/Man: The Christopher Reeve Story

Leave a comment