What's happening?

Video Sources 586 Views Report Error

  • Watch traileryoutube.com
  • Days of Happiness (2023)Unknown resource
Days of Happiness

Days of Happiness

Oct. 20, 2023Canada118 Min.n/A
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ခမ်းနားလှတဲ့စင်မြင့်တွေပေါ်မှာ သံစုံတီးဝိုင်းကြီးတွေနဲ့အတူ များပြားလှတဲ့ ဂီတပညာရှင်တွေကို ညွှန်ကြားရတဲ့ ဂီတမှူးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ မကြာမကြာတွေ့လေ့ရှိတာကတော့ အမျိုးသားဂီတမှူးတွေပဲဖြစ်မှာပါ။ ကမ္ဘာပေါ်မှာ ဂီတမှူးအဖြစ်အသက်မွေးတဲ့ အမျိုးသမီးအချိုးဟာ 36.4% ပဲ ရှိတာကြောင့် တော်ရုံတွေ့မိဖို့ကလည်း ကြုံတောင့်ကြုံခဲပါပဲ။ ဒီရုပ်ရှင်လေးကတော့ အမ်မာလို့ခေါ်တဲ့ ထူးချွန်ပြောင်မြောက်လွန်းတဲ့ အမျိုးသမီးဂီတမှူးလေးတစ်ဦးအကြောင်းပဲ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံ၊ မွန်ထရီရယ်ရဲ့ စင်မြင့်တွေမှာ တက်သစ်စကြယ်ပွင့်လေးဖြစ်တဲ့ အမ်မာလေးဟာ နှစ်ပေါင်းများစွာ သူ့ဖခင်ရဲ့ အလိုအတိုင်း သူ့ဖခင်ရဲ့ ချုပ်ကိုင်မှုအတိုင်း မျက်စိမှိတ် လိုက်နာလာခဲ့သူလေးပဲဖြစ်ပါတယ်။ ပက်ထရစ်ဟာ အမ်မာ့ ဖခင်ဖြစ်ရုံမက အမ်မာ့ရဲ့ အေးဂျင့်လည်းဖြစ်ပြန်ပါသေးတယ်။ ဒီတော့ ဘယ်ပွဲမှာ ဖျော်ဖြေလို့ ဘယ်အေဂျင်စီနဲ့ စာချုပ်ချုပ်မယ်ဆိုတာမျိုးတွေကအစ သူ့အဖေ ပက်ထရစ်ရဲ့ သဘောဖြစ်ပြီး အမ်မာဆိုတာ သူ့အဖေ လက်ထိပ်ဖျားမှာ ကစားတဲ့ ဘောပင်လေးတစ်ချောင်းသာသာပါပဲ။

အမ်မာဟာ အချစ်ကိုတွေ့ပြန်တော့လည်း သူ့တီးဝိုင်းထဲက ဆယ်လို (Cello) သမားလည်းဖြစ်၊ အိမ်ထောင်ကွဲစ သားတစ်ယောက်မိခင်ငယ်လေးဖြစ်တဲ့ နာအဲလ်ဖြစ်နေပြန်ပါတယ်။ အစကတည်းကမှ စိန်ခေါ်မှုတွေများပြီးသား ဘဝမှာ နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်လို့ လောင်းကြေးတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အမ်မာလေးအတွက် အလုပ်နဲ့ အချစ် မျှခြေတွေက ဘယ်လိုဖြစ်ဦးမှာလဲ…

ဒီရုပ်ရှင်ဟာ မနှစ်က ၂၀၂၃- ခုနှစ်ကမှ ကနေဒါနိုင်ငံက ထွက်ထားတဲ့ Girl Love ပါဝင်တဲ့ Drama ကားလေးဖြစ်ပါတယ်။ ဒီကားထဲက အမ်မာလေးဟာဆိုရင်လည်း ပုံမှန်အချိန် ဆံပင်လေးချထားရင် ငုံထားမတတ်ချစ်ဖို့ကောင်းနေပြီး ဆံပင်တွေ ပြောင်နေအောင် အနောက်ကို သပ်လို့ စင်မြင့်ပေါ် အနက်ဝမ်းဆက်နဲ့ ထင်ပေါ်နေချိန်ကျရင်လည်း ပြေးလျက်ရမတတ် ခ,စားချင်စရာကောင်းပါတယ်။ အဲဒီလို Cute ကော Cool ကော တစ်ပြိုင်တည်း တွေ့ရတတ်သူက ရှားပါတယ်။ နောက်ပြီး အပြင်မှာ ဈေးကြီးပေးပြီးမှ ဝင်ကြည့်ခွင့်ရမဲ့ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေမှုတွေကိုတင်မက အစမ်းလေ့ကျင့်တာတွေ နောက်ကွယ်က ရုန်းကန်မှုတွေကိုပါ ဒီမှာ အနီးကပ်ခံစားခွင့်ရမှာနဲ့တင် တော်တော် တန်နေပါပြီမို့ ကြည့်လိုက်ကြပါဦးနော့။

#DaysofHappiness #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Days of Happiness
Days of Happiness
Days of Happiness
Original title Les jours heureux
IMDb Rating 6.6 126 votes
TMDb Rating 3.5 2 votes

Similar titles

The Plot of Fire
Ae Watan Mere Watan
Through My Window 3: Looking at You
Hiram na Sandali
800
License
Manodrome
Being Maria
Phullwanti
Am I OK?
Radical
Killers of the Flower Moon

Leave a comment