What's happening?

Video Sources 686 Views Report Error

  • Watch traileryoutube.com
  • Everyone Knows Every Juan (2025)Unknown resource
Everyone Knows Every Juan

Everyone Knows Every Juan

This ain't a family drama. This family is just dramatic.Oct. 22, 2025PH110 Min.NR
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Everyone Knows Every Juan (2025)

IMDb Rating (7.4)

စီဗီလာ မောင်နှမတစ်စုဟာ မိခင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့်မှာ သူတို့ငယ်စဉ်ကတည်းက နေထိုင်ခဲ့တဲ့ အိမ်ဟောင်းကြီးကိုပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့မောင်နှမတွေဟာ အစ်ကိုအကြီးဆုံး တူပေ့ အသက် ၇၀ ကနေပြီး အငယ်ဆုံးသမီး မီရာကယ် လူလတ်ပိုင်းအထိ အရွယ်စုံပါဝင်ပြီး အလုပ်အကိုင်နဲ့စိတ်နေစိတ်ထား ခံယူချက်တွေဟာ လည်းတစ်ယောက်တစ်ပေါက်ဖြစ်ပါတယ်။

ဒီလို အရွယ်စုံ ၊ အလွှာစုံ မောင်နှမတွေ မဖြစ်မနေစုဝေးကြရတဲ့ပွဲလေးဟာ မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ၊ နာကျည်းမှုတွေနဲ့ ဝုန်းဒိုင်းကြဲ ပွက်လောရိုက်ဖို့ဖြစ်လာပါတော့တယ်။ ဒီဖြစ်ရပ်တွေကပဲသူတို့မောင်နှမတွေကြားက သံယောဇဉ်ကြိုးတွေကို စမ်းသပ်ရာဖြစ်လာမှာဖြစ်ပါတယ်။

မိဘတွေကွယ်လွန်ပြီး မောင်နှမတွေပြန်လည်ဆုံတွေ့တဲ့ ဇာတ်လမ်းမျိုးဟာ အသစ်အဆန်းမဟုတ်ပေမဲ့ ဒါရိုက်တာလည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ Alessandra de Rossi က ဇာတ်ကားကို One Take နဲ့ရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ သရုပ်ဆောင်တွေအတွက်ရော၊ ဒါရိုက်တာအတွက်ပါ စိန်ခေါ်မှုကြီးပေမဲ့ တာဝန်ကျေခဲ့ကြတဲ့အတွက် သေသပ်လှပတဲ့ ရိုက်ချက်တွေနဲ့ စီနီမာတိုဂရပ်ဖီကိုတွေ့မြင်ရမှာပါ။

နာမည်ကျော်ဝါရင့် သရုပ်ဆောင်ကြီးတွေချည်းပါဝင်ထားတာဖြစ်လို့ သရုပ်ဆောင်မှုက လုံး၀အပြစ်ပြောစရာမရှိသလို သဘာ၀ကျတဲ့ဟာသတွေကြောင့် မနားတမ်းခွီနေရမှာလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းစကတည်းက ကိုယ်တိုင်သူတို့နဲ့အတူ စီးမျောပါဝင်သွားပြီး စီဗီလာ အိမ်သားတစ်ယောက်အဖြစ် တသားတည်းကျသွားသလိုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Everyone Knows Every Juan
Everyone Knows Every Juan
Everyone Knows Every Juan
Everyone Knows Every Juan
Everyone Knows Every Juan
Everyone Knows Every Juan
Original title Everyone Knows Every Juan
IMDb Rating 7.3 94 votes
TMDb Rating 6 1 votes

Similar titles

Jetlee
The Devil in the Flesh
Blue Moon
In the Mood for Love
The Three Musketeers: D’Artagnan
Out of Order
Cherish & Ruelle
Buhe Bariyan
The Red Thread
Joker
Role Play 2: Dongchim
The Stone

Leave a comment