What's happening?

Video Sources 653 Views Report Error

  • Watch traileryoutube.com
  • Exiled (2006)Unknown resource
Exiled

Exiled

Leaving it all behind...Sep. 06, 2006Hong Kong110 Min.R
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦး သူ့ရုပ်ရှင်တွေမှာ ဟာသနဲ့ အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime, Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။

ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။

ဒီနှစ်ကားကတော့ အဲဒီလူတွေကို သုံးထားတဲ့ သူ့မာစတာပိစ် ၂-ကားပေါ့။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။  ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မဲ့ ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃-ရက်ပဲလိုတော့တယ်။ သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။

ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှစ်နာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမဲ့ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃-ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။

Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။

ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါပေမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။

ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅-မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။

Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။

#Exiled #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Exiled
Exiled
Exiled
Exiled
Exiled
Exiled
Original title 放‧逐
IMDb Rating 7.2 9,607 votes
TMDb Rating 7.307 205 votes

Director

Johnnie To
Director

Cast

Similar titles

The Last Viking
Kingdom of the Planet of the Apes
Holland
Hard Days
Warning 2
血悬棺
Sound of Freedom
Senzano Savana
The Great Flood
Population Purge
Jurassic World Rebirth
The Gangster, the Cop, the Devil

Leave a comment