
Fight to the death (2025)
၁၉၃၉ – ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဖန်းချန်ကာကွယ်ရေးတိုက်ပွဲကို သမိုင်းနောက်ခံထားပြီးတော့ ရိုက်ထားတဲ့ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ ဖန်းချန်ဒေသရဲ့မုဆိုးအဖွဲ့ဝင်တွေ ဂျပန်တော်လှန်ရေးမှာပါဝင်ပြီး အရေးကြီးသတင်းအချက်အလက်ကို ကာကွယ်ပေးပို့ခဲ့တဲ့ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။
၁၉၃၉-ခုနှစ် ဖန်းချန်တိုက်ပွဲအတွင်းမှာ တပ်မသစ်(၄)ရဲ့ တပ်စုမှူး ကျူးကျန့်တို့တပ်ဖွဲ့လေးကို ဂျပန်စစ်တပ်တွေရဲ့ နန်ကျင်းမှာကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့သက်သေကိုသယ်ဆောင်လာတဲ့ သတင်းထောက်လုရင်းကို မဖြစ်မနေစောင့်ရှောက်ပို့ဆောင်ပေးရမဲ့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။ ခရီးတစ်လျှောက် ဂျပန်စစ်တပ်ရဲ့ တားဆီပိတ်ဆို့တိုက်ခိုက်တာတွေကြောင့် အဖွဲ့သားတွေတစ်ယောက်ပြီး
တစ်ယောက်အသက်ပေးဆပ်ကြရပါတယ်။
နှင်းဖုံးလွင်ပြင်မှာခြုံခိုတိုက်ခိုက်ခံရတာတွေ တောင်လှိုဏ်ဂူထဲမှာ အပြင်းအထန်တိုက်ပွဲဝင်ရတာတွေကြုံရပေမဲ့ ဘာပဲပေးဆပ်ရပါစေ၊ တာဝန်ပြီးမြောက်စေရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ အရှေ့ကိုချီတက်ရင်း
နိုင်ငံအတွက်အရေးကြီးတဲ့ သက်သေအထောက်အထားကို မရရအောင်ပို့ဆောင်ပေးတဲ့ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကြောင့် နောက်ဆုံးမှာတော့ ကမ္ဘာကြီးသိအောင် ဂျပန်တွေရဲ့ရက်စက်မှုတွေချပြနိုင်သွားခဲ့ပါတယ်။