What's happening?

Video Sources 1055 Views Report Error

  • Watch traileryoutube.com
  • Forrest Gump (1994)Unknown resource
Forrest Gump

Forrest Gump

Forrest Gump ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ ကမ္ဘာကြီးက ကိုယ်မြင်ဖူးတာနဲ့ တစ်ထပ်တည်းကျမနေဘူးဆိုတာ သိသွားပါလိမ့်မယ်Jun. 23, 1994USA142 Min.PG-13
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

အင်္ဂလိပ်စကားပုံလေးတစ်ခု ရှိပါတယ် ။ “Don’t judge a book by its cover” “အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့” တဲ့။ ဒါကြောင့်မို့လို့ ဇာတ်ကား ကောင်း / မကောင်းကို poster ကြည့်ပြီး မဆုံးဖြတ်ပါနဲ့။

Forrest Gump လို့အမည်ရတဲ့ ဇာတ်ကားလေးကတော့ တော်တော်များများသိခဲ့ကြတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို Paramount ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ရဲ့ Paramount ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဝင်ငွေအကောင်းဆုံးရရှိခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်နေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်မင်းသားကြီးဟာ ဆိုရင်လည်း ဒီ ဇာတ်ကားနဲ့ Academy Award တွေများစွာရရှိခဲ့တာဖြစ်ပါတယ်။ ရုံတင်ပြသနေတဲ့အချိန်မှာလည်း အမေရိကန်ဒေါ်လာ ၆၇၇ သန်းကျော် ဝင်ငွေရရှိခဲ့တာလည်းဖြစ်ပါတယ်။ Rating 8.8 ရရှိခဲ့တဲ့အပြင် ခုချိန်ထိလည်းကြည့်ရှုနှုန်းမကျသွားခဲ့တဲ့ ဂန္တဝင်ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဆိုရင် အချစ်၊ အက်ရှင်၊ အလွမ်းနဲ့ စစ်ပွဲကြားက ဖြစ်ပေါ်ခဲ့တဲ့သံယောဇဉ် စတဲ့ရသမျိုးစုံကိုလည်း ရရှိခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားကြီး Tom Hanks ၊ Robin Wright ၊ Gary Sinise ၊ Mykelti Williamson ၊ Sally Field တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ မင်းသားကြီး Tom Hanks အတွက် ၂ နှစ် ဆက်တိုက် အော်စကာဆုရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း-

Forrest Gump လို့ခေါ်တဲ့ မင်းသားကြီး Tom Hanks က ဇာတ်လမ်းရဲ့ အစမှာ ဘတ်စ်ကားမှတ်တိုင်မှာ ထိုင်နေရင်း ငှက်မွှေးလေးတစ်ခု လွင့်ပျံသွားနေတာကို ရိုက်ပြထားတာပါ။ အဲ့အပြင် သူနဲ့အတူ ဘတ်စ်ကားစောင့်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ စကားစမြည်ပြော နေတာပါ။ Forrest ဟာ မွေးရာပါဉာဏ်ရည်ချို့တဲ့ပြီး ကြောရိုးစောင်းတဲ့ရောဂါကြောင့် လမ်း ကောင်းကောင်း မလျှောက်နိုင်တဲ့ ခြေထိန်းတွေတပ်ထားရတဲ့ ကောင်လေးပါ။ သူဟာ ငယ်ငယ်ထဲက တခြားကလေးတွေရဲ့စနောက်တာတွေကို ကြုံခဲ့ရပြီးကစားဖော်လည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့ကျောင်းကားပေါ်မှာ ဂျန်နီဆိုတဲ့ ကောင်မလေးနဲ့ခင်မင်ခဲ့ရပြီး သူမနဲ့အတူ ကျောင်းက ပြန်လာတဲ့လမ်းမှာ ကောင်လေးတစ်စုရဲ့ အနိုင်ကျင့်တာကို ထွက်ပြေးရင်း ခြေထိန်းတွေ ပြုတ်ထွက်ကုန်ပါတယ်။ အဲ့ချိန်ကစပြီး သူဟာ အထိန်းအကွပ်တွေမလိုတော့ဘဲ ပုံမှန်လမ်းလျှောက်နိုင်ခဲ့ပြီး ဘယ်သွားသွား လေအဟုန်လိုပြေးသွားတော့တာပဲ။ အဲ့အချိန်ကနေစပြီး သူ့ဘဝအကြောင်း၊ သူ ကောလိပ်ဝင်ခွင့်ရခဲ့တဲ့အကြောင်း၊ သူဘွဲ့ရခဲ့တဲ့အကြောင်း၊ သူစစ်တပ်ထဲဝင်ပြီး ဘာ့ဒ်ဘာလို့ခေါ်တဲ့ သူငယ်ချင်းနဲ့ဆုံခဲ့ရတဲ့အကြောင်း၊ ဗီယက်နမ်စစ်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေ၊ သမ္မတက ဂုဏ်ထူးဆောင် တံဆိပ်ပေးခဲ့တဲ့အကြောင်း၊ တရုတ်မှာ နိုင်ငံကိုယ်စားပြု ပင်ပေါင်သွားကစားခဲ့ရတဲ့ အကြောင်း၊ စစ်တပ်ကထွက်ပြီး ပုစွန်လှေကြီး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ သူ့ဘဝရဲ့အရေးပါတဲ့ ကောင်မလေးဖြစ်တဲ့ ဂျန်နီကို ဘယ်လောက်မြတ်နိုးရတဲ့အကြောင်း ပြောပြ နေခဲ့ပုံကို ရသစုံမြောက်အောင် ရိုက်ကူးပြသထားတာဖြစ်ပါတယ်။

Forrest Gump ဇာတ်ကားကို ကြိုက်ရခြင်းအကြောင်းတွေမှာ ရုပ်ရှင်တစ်ကားရဲ့ကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတဲ့အကြောင်းအပြင် Forrest Gump ဆိုတဲ့ Character ကိုလည်းစိတ်ဝင်စားမိလို့ပါ။ Tom Hanks ကအင်တာဗျူးတစ်ခုမှာပြောခဲ့သလို Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံတာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင်တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိအေးချမ်းလှတယ်လို့ ထင်မိပါတယ်။ သူသိတာ သူ့အမေကိုဂရုစိုက်မယ်၊ သူငယ်ချင်းတွေအပေါ်ကောင်းမယ်၊ Jenny ကိုချစ်မယ်။ ဒါပဲ။
အရမ်းကိုရိုးရှင်းဖြူစင်တဲ့ ဘဝတစ်ခုကို မီးမောင်းထိုးပြထားတာပါ။ဇာတ်ကားထဲမှာ အဓိကပေးချင်တဲ့ Main Theme Dialogue ကိုလဲသဘောကျမိပါတယ်။
” ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘယ်အချိန်ဘာဖြစ်မယ်လို့တိတိကျကျသတ်မှတ်ပြီးသားလား၊ ဒါမှမဟုတ် ရည်ရွယ်ရာမရှိဘဲ လေယူရာတိမ်းနေရတာလား၊ နှစ်မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတာလား…..ကျွန်တော်တော့ စဉ်းစားလို့ဉာဏ်မမီပါ။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် သေချာတာကတော့ ကျွန်တော်တို့မှာစီရင်ပိုင်ခွင့်မရှိတာပါပဲ။”
ဇာတ်ကားရဲ့ အဖွင့်ခန်းနဲ့အပိတ်ခန်းမှာ ငှက်တောင်မွှေးလေးကိုထည့်သွင်းထားပါတယ်။ ငှက်တောင်မွှေးလေးဟာ လေအဝှေ့မှာ မိုးပေါ်ထိုးတက်သွားတယ်။ လေအငြိမ်မှာပြန်ကျလာတယ်။ မြေပြင်နဲ့ထိတော့မယ့်ဆဲဆဲ ဘေးကကားတစ်စီးရဲ့အဟုန်နဲ့ အထက်ကိုပြန်တက်သွားတယ်။ တစ်ချိန်ချိန်မှာတော့ ငှက်တောင်မွှေးလေးပြန်ကျလာလိမ့်ဦးမယ်။ အဲဒါပြီးရင်တော့ ပြန်တက်သွားဦးမယ်။ သြော်…….လေယူရာတိမ်းနေရရှာတဲ့ ငှက်တောင်မွေးလေး………။

Source – Channel Myanmar, Shwe Pann Thee

Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Forrest Gump
Original title Forrest Gump
IMDb Rating 8.8 2,164,336 votes
TMDb Rating 8.478 25,161 votes

Director

Cast

Tom Hanks isForrest Gump
Forrest Gump
Robin Wright isJenny Curran
Jenny Curran
Gary Sinise isLieutenant Dan Taylor
Lieutenant Dan Taylor
Sally Field isMrs. Gump
Mrs. Gump
Mykelti Williamson isBenjamin Buford 'Bubba' Blue
Benjamin Buford 'Bubba' Blue
Michael Conner Humphreys isYoung Forrest Gump
Young Forrest Gump
Hanna Hall isYoung Jenny Curran
Young Jenny Curran
Haley Joel Osment isForrest Junior
Forrest Junior
Siobhan Fallon Hogan isSchool Bus Driver
School Bus Driver
Rebecca Williams isNurse at Park Bench
Nurse at Park Bench

Similar titles

The Mystery of Humanoid Puppet
Pegasus 2
Forgetting Sarah Marshall
All for Love
The Treacherous
Ghostlight
Against All Odds
In the Mood for Love
Run to You
MyCorona
Special Raid Awaken
Her Body

Leave a comment