What's happening?

Video Sources 350 Views Report Error

  • Watch trailer
  • Furie (2019)
Furie

Furie

She will never stop.Feb. 22, 2019Vietnam98 Min.TV-14
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ နိုင်ငံတကာ Rating သာမက စီးပွားရေးအရလည်း အောင်မြင်ခဲ့ပြီး အမေရိကန်လို နိုင်ငံမှာတောင် ဝင်ငွေကောင်းနေတဲ့အပြင် လူကြိုက်များခဲ့ပါတယ်။

ဇာတ်လမ်းကတော့……..

ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူ ဘဝကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။
သူဟာ ဘယ်ဘဝကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ? ဘာကြောင့် လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။

ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီက ကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ
အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လည်း လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့
အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။

သူတို့ သားအမိဆက်ဆံရေးဟာလည်း နွေးနွေးထွေးထွေးမရှိလှပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။
တစ်ခါတလေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိင်တွေ ငေးရီနေတတ်တယ်။
တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကို စျေးထဲသွားပေါင်ချိန်မှာ
သူ့သမီးကို သူခိုးအဖြစ် ဝိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ရုန်းရင်းဆန်ခတ်အခြေအနေအပြီး သူက အပေါင်ဆိုင်ကိုပြန်အသွားမှာ သူ့သမီးလေးကို လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံရပါတော့တယ်။

အဲ့ဒီပြန်ပေးသမား တစ်စု မသိလိုက်တာကတော့ သူတို့တွေ ပြန်ပေးဆွဲဖို့ လူရွေးတာ အမှားကြီးမှားသွားပြီ ဆိုတာပါပဲ။
သူ့ဘဝ အသက်သွေးကြောဖြစ်တဲ့ သမီးလေးကို ပြန်ရဖို့ ဟိုင်းဖောင် ဟာ သူတတ်သမျှ ပညာပေါင်းစုံနဲ့ တစ်ဂိုဏ်းလုံးနဲ့ တစ်ယောက် ရေစုံရေဖျား လိုက်တော့မှာပါ။

လှပသေသပ်လှတဲ့ ကိုယ်ခံပညာအခြေပြုအက်ရှင်ခန်းတွေ သွက်လက်ပြီး ပျင်းစရာမရှိတဲ့ဇာတ်ကြောင်းတို့ဟာ ဗီယက်နမ်ဟာလည်း ရုပ်ရှင်ပညာမှာ ဘောင်ဝင်တန်းဝင် အဆင့်တစ်ခုမှာ ရောက်ရှိနေပြီဆိုတာ ပြလိုက်တဲ့သက်သေပါပဲ။

Furie
Furie
Furie
Furie
Furie
Furie
Furie
Original title Hai Phượng
IMDb Rating 6.3 5,849 votes
TMDb Rating 6.534 189 votes

Director

Le Van Kiet
Director

Cast

Similar titles

Hiram na Sandali
Maidaan
Scrapper
I Am Mary Jo Buttafuoco
Kung Fu Hustle
Sons of Summer
Rewind
Amerikatsi
逃逸追踪
Red One
Cruel War
The Pale Blue Eye

Leave a comment