What's happening?

Video Sources 503 Views Report Error

  • Gentlewoman (2025)Unknown resource
Gentlewoman

Gentlewoman

Mar. 07, 2025India113 Min.n/A
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီကားလေးက နာမည်ကြားရတာတော့ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးအကြောင်းများလား မှတ်ထင်ရပေမဲ့ တကယ်တမ်းကြည့်လိုက်ရင်တော့ တော်တော်လေးကြမ်းတဲ့ဇာတ်လမ်းပါ။

ဖော်ပြရရင် တကယ့်သည်းထိတ်ရင်ဖိုလမ်းကြောင်းပေါ်မှာ အရှိန်အဟုန်နဲ့ မောင်းနှင်နေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

ဇာတ်လမ်းက ပူနီဆိုတဲ့ မိန်းမသားလေးတစ်ယောက်နဲ့ စတာပေါ့။ စစချင်း ပူနီ့ဘဝအကြောင်း ဇာတ်အေးအေးလေးရိုက်ကူးထားပြီး နောက်တော့ သူ့ခင်ပွန်းအာရဗင်ဆိုတဲ့လူက ဘယ်ရောက်သွားမှန်းမသိ ပျောက်သွားပါတယ်။
ရဲတွေကတော့ ပိုက်ဆံပြဿနာကြောင့် ထွက်ပြေးသွားတာနေမယ်လို ထင်ကြပေမဲ့ အန်နာဆိုတဲ့ Single Lady စစ်စစ်ကတော့ ပူနီရဲ့ အေးဆေးတည်ငြိမ်နေပုံကို သံသယဝင်နေပါတယ်။

သူ့စိတ်ထဲမှာတော့ ဒီနောက်ကွယ်မှာ ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုခု ရှိနေတယ်လို ခံစားနေရတာပေါ့။ အန်နာဆိုတာက ပူနီတို့ရဲ့အိမ်နီးချင်း ယောက်ျားတွေက မိန်းမတွေကိုပစ်ထားခဲ့ရင် ဘာနှုတ်ဆက်စကားမှ မဆိုသင့်ဘူးလို့ ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အမျိုးသမီးမျိုး၊ ဒီလိုနဲ့ သူတစ်ယောက်တည်း စုံစမ်းစစ်ဆေးမှုတွေလုပ်ရင်း ပူနီနဲ့ တွေ့ကြတယ်။ အစပိုင်းမှာတော့ အေးအေးဆေးဆေးဖြစ်ပေမဲ့ နောက်ပိုင်းကျမှ နှစ်ယောက်သားကြားထဲမှာ တင်းမာမှုတွေ တဖြည်းဖြည်း တက်လာပြီး တစ်ယောက်ကိုတစ်ယောက် သံသယတွေ ပိုပိုပြီး ဝင်လာတော့တာပဲ။

ဇာတ်ကားအစက အေးအေးဆေးဆေး စသွားပေမဲ့ နောက်ပိုင်းမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အမျိုးသမီးတွေရဲ့ ရွေးချယ်မှုတွေအကြောင်း ၊ လူ့အဖွဲအစည်းရဲ့ အမြင်တွေအကြောင်းကိုလည်း ခပ်လေးလေးနက်နက် စဉ်းစားစရာတွေ ချန်ထားခဲ့နိုင်တဲ့ ကားမျိုးပါပဲ။

Gentlewoman က နာမည်နဲ့တော့ ဆန့်ကျင်ဘက်ဖြစ်ပြီး တကယ့် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားဆိုတာ ပြောရမှာပါ။ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းသလို အတွေးလည်းနယ်ချဲ့စရာတွေ ပေးနိုင်တဲ့ ကားမျိုးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ…

Gentlewoman
Gentlewoman
Gentlewoman
Gentlewoman
Original title ஜென்டில்வுமன்
IMDb Rating 6.1 2,772 votes

Director

Cast

Similar titles

Under Your Bed
The Discloser
The Red Thread
Territory
Operation Fortune: Ruse de Guerre
Due Date
Seven Veils
My Child Has My Doctor’s Face
Deadly Destination Wedding
Abandoned Man
The Boys in the Boat
Kiskisan

Leave a comment