ခင်ဗျားတို့ အဖေအမေတွေ အဘိုးအဘွားတွေကတော့ ဒီနာမည်အစား ” လေရူးသုန်သုန် ” ဆိုတဲ့နာမည်ဆိုရင်ပိုပြီးသိကြလိမ့်မယ်ဗျ ၊
ဆရာမြသန်းတင့်ဘာသာပြန်ခဲ့ပြီး မြန်မာ့ဘာသာပြန်စာပေလောက တစ်ခေတ်ဆန်းစေခဲ့တဲ့ ကမ္ဘာကျော်စစ်နောက်ခံအချစ်ဝတ္ထုကြီး ၊
အေဗရာဟင်လင်ကွန်းခေတ် ပြည်တွင်းစစ်အတွင်း ပေါက်ဖွားလာခဲ့တဲ့ အချစ်ဇာတ်လမ်း ၊
နောက်ဆုံး ဒီဇာတ်လမ်းကို ပိတ်ကားပေါ်တင်လိုက်တဲ့အခါ အော်စကာဆု ၁၅-ဆု အတွက်လျာထားခံရပြီး ၈-ဆု ရခဲ့တဲ့ဇာတ်ကား ၊
ဒီခေတ်အနေနဲ့ ပြန်ကြည့်ရင်တောင် Rotten Tomato မှာ
94% နဲ့ imdb မှာ 8.2 ရထားတဲ့ကား
မသေခင်ကြည့်သင့်တဲ့ ဇာတ်ကား ၁၀၀၁ – ကားထဲမှာ ထိပ်ဆုံး list ကနေပါတဲ့ကား ၊
စပြီးရုံတင်တဲ့အချိန်ကစပြီး ၂၅- နှစ်ထိကြာအောင် ဇယားထိပ်မှာ ရပ်တည်ခဲ့တဲ့ သူ့ရဲ့စံချိန်ကိုခုထိဘယ်ဇာတ်ကားမှ မချိုးနိုင်ခဲ့တဲ့ကား ၊
ဒီလိုမျိုး ပြည့်စုံနေတဲ့ကားက ထုံးစံအတိုင်း ကြာချိန်က ၃-နာရီ နဲ့ မိနစ် ၄၀-နီးပါးကြာတယ် ။
စကားလက်အိုဟာရာ ရဲ့ တစ်ဖက်သတ်အချစ်ဇာတ်လမ်း ၊
စစ်ဖြစ်တဲ့ အချိန်မှာ ကြုံရတဲ့ လောကဓံအပြောင်းအလဲတွေ ၊
ကိုယ့်ကို မချစ်တဲ့ယောက်ျားတစ်ယောက်အတွက် အရွဲ့တိုက်ချင်တဲ့စိတ် ၊
ဒီစိတ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲဒုက္ခတွေ ၊
နောက်ဆုံး ကိုယ်အမုန်းဆုံးလူက ကိုယ်တစ်ကယ်ချစ်တဲ့လူမှန်း သိလာရချိန်မှာလဲ
လောကဓံတရားက ထပ်ပြီး နိုပ်စက်လိုက်ပြန်တဲ့အခါ . . .
အကောင်းဆုံး ဂန္ဓဝင်ဝတ္ထုကြီးကို ဇာတ်လမ်းအချိတ်အဆက်မိမိ နောက်ခံတီးလုံးအကောင်းစားတွေ သရုပ်ဆောင်တွေရဲ့အပိုအလိုမရှိ ကိုယ့်ဇာတ်ကောင်ကို ပိုင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီလိုမျိုး အော်စကာဆု ၈ – ဆုရတဲ့ အကြီးကျယ်ဆုံး ဂန္ဓဝင်ဇာတ်ကားကြီး ဖြစ်လာပါတော့တယ်
“After all, tommorrow is another day! ”