What's happening?

Video Sources 964 Views Report Error

  • Watch traileryoutube.com
  • Indiana Jones and the Dial of DestinyUnknown resource
Indiana Jones and the Dial of Destiny

Indiana Jones and the Dial of Destiny

A legend will face his destiny.Jun. 28, 2023USA155 Min.PG-13
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Indiana Jones and the Dial of Destiny (2023)

~ IMDb – 6.8/10, Rotten Tomatoes – 69% ~

ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။

မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင် ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။

~ ဇာတ်လမ်းအကျဉ်း ~

ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။

Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Indiana Jones and the Dial of Destiny
Original title Indiana Jones and the Dial of Destiny
IMDb Rating 6.8 89,549 votes
TMDb Rating 6.609 925 votes

Director

Cast

Harrison Ford isIndiana Jones
Indiana Jones
Mads Mikkelsen isDr. Jürgen Voller
Dr. Jürgen Voller
Ethann Isidore isTeddy Kumar
Teddy Kumar
Toby Jones isBasil Shaw
Basil Shaw
Karen Allen isMarion Ravenwood
Marion Ravenwood

Similar titles

Transformers One
Fear the Night
S.T.A.L.K.E.R. Shadow of the Zone
The Legend Hunters
Night Call
Lone Samurai
Above the Shadows
The Legend of Yang Jian
Anecdotes of Ape Mountain
Zhongkui: Snow Girl and the Dark Crystal
Ustaad Bhagat Singh
Tiger Squad

Leave a comment