What's happening?

Video Sources 1025 Views Report Error

  • Watch trailer
  • Killers of the Flower Moon (2023)
Killers of the Flower Moon

Killers of the Flower Moon

Greed is an animal that hungers for blood.Oct. 18, 2023United States206 Min.R
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့ လက်စွဲတော် ရောဘတ်ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ -နာရီ ၂၆ -မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

သမိုင်းအကျဉ်း

——————

1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေအကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီအခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက်အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ၄၀၀ လောက်ရှိပါတယ်။ ချမ်းသာလာတာနဲ့အညီ အကောင်းဆုံးတွေကိုသုံးစွဲပြီး လက်ဖွာတဲ့နေရာမှာ အရမ်းကို နာမည်ကြီးလာတဲ့အတွက် အမေရိကန်အစိုးရက ဥပဒေတစ်ခုနဲ့ ထိန်းသိမ်းတာခံခဲ့ရပါတယ်။ ဒါကတော့ ငွေကြေးကို ထင်တိုင်းသုံးစွဲလို့မရဘဲ “ငွေကြေးမစီမံနိုင်သူ” အဖြစ်သတ်မှတ်ခံရရင် လူဖြူအုပ်ထိန်းသူတစ်ယောက်ဆီကနေပဲ ကိုယ်ငွေကြေးကို သတ်မှတ်ထားသလောက်ပဲ ပြန်ထုတ်သုံးခွင့် ရတော့တာပါ။ အဲဒီကာလမှာပဲ အိုဆေ့အင်ဒီယန်းပေါင်းများစွာ အသတ်ခံခဲ့ရပြီး အမှုတွေကိုလည်း တရားခံ ရေရရာရာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဓိကအကြောင်းရင်းကတော့ အိုဆေ့တွေပိုင်ဆိုင်တဲ့ မြေတွေနဲ့ ရေနံခံစားခွင့်တွေကို နည်းမျိုးစုံနဲ့လုယူဖို့ ကြိုးစားခဲ့တဲ့လူဖြူတွေလက်ချက်ပါပဲ။ ဒီအမှုဟာ အက်ဖ်ဘီအိုင်ရဲ့ ပထမဆုံး ကိုင်တွယ်ရတဲ့အမှုဖြစ်လာပြီးမှ အမှုမှန်ပေါ်ပေါက်လာပုံကို ပြသထားတာပါ။

ဇာတ်လမ်းအကျဉ်း

—————-

အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ်လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင် မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိရင်း လက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစားခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကိုစည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရမှာပါ။

Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Killers of the Flower Moon
Original title Killers of the Flower Moon
IMDb Rating 8 101,479 votes
TMDb Rating 7.67 1,070 votes

Director

Ellen Kuras
Director

Cast

Leonardo DiCaprio isErnest Burkhart
Ernest Burkhart
Robert De Niro isWilliam Hale
William Hale
Lily Gladstone isMollie Burkhart
Mollie Burkhart
Jesse Plemons isTom White
Tom White
John Lithgow isProsecutor Peter Leaward
Prosecutor Peter Leaward
Brendan Fraser isW.S. Hamilton
W.S. Hamilton

Similar titles

Underground
American Star
Zebra
The Naked Gun
All for Love
Creatura
The Fire Raven
High Society
Dirty Ice Cream
Indecent Woman
Taandob
The Celebrated Gisaeng

Leave a comment