What's happening?

Video Sources 323 Views Report Error

  • Kingdom III: The Flame of Destiny (2023)
Kingdom III: The Flame of Destiny

Kingdom III: The Flame of Destiny

Jul. 28, 2023Japan129 Min.n/A
Your rating: 0
0 0 votes
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

ဇာတ်လမ်းအကျဉ်း

အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။

ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို တစ်စုတစ်စည်းဖြစ်အောင်လုပ်ပြီး ပထမဆုံးဧကရာဇ်ဖြစ်စေချင်တဲ့ ချင်ပြည်ထောင်ဘုရင် အဲ့ဆေး(King Ei Sei of Qin State) တို့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တွေကြောင့် ဆုံစည်းခဲ့ကြပါတယ်။ ဒုတိယကားမှာတော့ ဘုရင်အဲ့ဆေးကို လုပ်ကြံတဲ့ဇာတ်ဝင်ခန်းနဲ့စထားပြီး ချင်ပြည်ထောင်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဝေပြည်ထောင် (Wei State) က လာရောက်ကျူးကျော်လို့ ဝေပြည်ထောင်နဲ့ချင်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဒါကန်လွင်ပြင် (Daken Plains) ဆီကနေ ရှင်းတစ်ယောက် နှစ်ဖက်သောစစ်သူကြီးတို့ရဲ့ စစ်ဗျူဟာတွေ၊ စစ်ပရိယာယ်တွေ၊ အနိဋ္ဌာရုံတွေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင်တွေ့လိုက်ရပြီး သူကိုယ်တိုင်လည်း စွမ်းဆောင်ပြနိုင်ခဲ့လို့ တပ်သား ၁၀၀ -တပ်မှူးဖြစ်သွားပါတော့တယ်။
ရှေ့နှစ်ကားအကြောင်းကို မှတ်မိသွားကြပြီဆိုရင် Kingdom III ရဲ့ ဇာတ်ကြောင်းကိုပြောပြပါမယ်။

ဒီတစ်ခါ ချင်ပြည်ထောင်ကိုလာရောက်ကျူးကျော်တာကတော့ ကျောက်ပြည်ထောင် (Zhao State) ကပါ။ ချင်ပြည်ထောင်ကို ချောဟဲလူသတ်ပွဲ (Chohei Massacre) ကြောင့် ရန်ငြိုးအကြီးအကျယ်ရှိလို့ လာ‌ရောက်ကျူးကျော်တာပါ။ ထုံးစံအတိုင်း တပ်သား ၁၀၀ -တပ်မှူးဖြစ်သွားတဲ့ ရှင်းက ချင်ပြည်ထောင်နဲ့ ကျောက်ပြည်ထောင်တို့ စစ်ခင်းကြတဲ့ ဘာရို (Bayo) ဆီသွားပါတော့တယ်။ ဒီတစ်ခါ စစ်ပွဲကနေရော ဘယ်လိုအတွေ့အကြုံတွေရမလဲ၊ ဘာအခက်အခဲတွေတွေ့မလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ပါခင်ဗျာ။

Kingdom Live-Action ဇာတ်ကားတွေကို Yasuhisa Hara ရေးတဲ့ “Kingdom” Manga ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၆ -ခုနှစ်မှာရေးထားခဲ့တဲ့ Kingdom က အခုထိဇာတ်မသိမ်းသေးပါဘူး။ လက်ရှိအချိန်အထိ စုစုပေါင်း 70- volumes နဲ့ 768 chapters အထိ ထွက်ရှိထားပါတယ်။ Anime အနေနဲ့လည်း Studio Pierrot နဲ့ Studio Signpost ကနေ Season 1-4 (129 episodes) အထိထွက်ရှိထားပြီး Season 5 ကိုလည်း ဒီနေ့ကစပြီး ပြသတော့မှာပါ။

Live-Action အနေနဲ့လည်း ၂၀၁၉ ခုနှစ်ကတည်းက ရိုက်လာရင်း အခုဆိုရင် စတုတ္ထမြောက်ဇာတ်ကား Kingdom IV: Return of the Great General (2024) အထိရောက်ရှိလာပါပြီ။ ဂျပန်မှာ ဒီနှစ် ဇူလိုင်လကျရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။Kingdom Live-Action လေးကားစလုံးကို Alice in Borderland ရဲ့ ဒါရိုက်တာ Sato Shinsuke ကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ Kingdom III မှာ ပထမနှစ်ကားထဲက သရုပ်ဆောင်တွေပြန်ပါလာသလို Anne Watanabe, Yuki Yamada, Koji Yamamoto, Ainosuke Kataoka တို့လို သရုပ်ဆောင်အသစ်၊ ဇာတ်ကောင်အသစ်တွေပါလာပါတယ်။ ဇာတ်ဝင်သီချင်းဖြစ်တဲ့ “Gold (Until We Meet Again)” ကို Hikaru Utada ကဆိုပေးထားပါတယ်။Kingdom III ကိုကြည့်ပြီးတာနဲ့ Kingdom IV ကို ဆက်ကြည့်ချင်ကြပါလိမ့်မယ်။ တကယ့်ကို ဆန့်တငင်ငင်နဲ့ဇာတ်သိမ်းသွားခဲ့တာမို့လို့ပါ။ စကားမစပ် စိတ်မကောင်းစွာနဲ့ပြောရရင် တောင်တန်းဘုရင်မ ရိုတန်ဝါ (Youtanwa) ကိုစောင့်မျှော်နေကြသူများအတွက်တော့ ဒီဇာတ်ကားထဲမှာလည်း (တကယ်) မပါသေးပါဘူး။

 

#KingdomIIITheFlameofDestiny #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Kingdom III: The Flame of Destiny
Kingdom III: The Flame of Destiny
Kingdom III: The Flame of Destiny
Kingdom III: The Flame of Destiny
Kingdom III: The Flame of Destiny
Original title キングダム 運命の炎
IMDb Rating 6.8 466 votes
TMDb Rating 7.608 88 votes

Similar titles

Mr. Vampire II
Speed Fight
Sex and Fury
Sheroes
The Gangster, the Cop, the Devil
The Electric State
Sound of Freedom
Fist of the Condor
Infiltration
Hot Tub Time Machine
Star Abyss
Hard Days

Leave a comment