Gentleman ဆိုတာ ဘယ်လိုယောက်ျားမျိုးလဲဆိုတာ ပြသဖို့ဆိုရင်တော့ Kingsman ရုပ်ရှင်တွေက အတိအကျကိုညွှန်းဆိုပြသနေတာပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြောင့်မတ်တည်ကြည်တဲ့ယောက်ျား ၊ အဝတ်အစားကစလို့ အပြောအဆိုအနေအထိုင် အမူအရာ အမူအကျင့် အားလုံးမှာ စမတ်ကျကျနဲ့ ယဉ်ကျေးတဲ့ယောက်ျား ၊ ဒီလို Gentleman ရဲ့ဝိသေသတွေနဲ့ မင်းသားကြီး Colin Firth ကို ဟယ်ရီအဖြစ် မြင်တွေ့ရတာက Kingsman ရုပ်ရှင်တွေရဲ့ အရသာပါပဲ။
Kingsman ဆိုတာကတော့ ကမ္ဘာကြီးကို တိတ်တဆိတ်ကယ်တင်နေတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့အစည်းပါ။ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေကို အခြေပြုထားတယ်ဆိုပေမဲ့ မတူကွဲပြားတဲ့ တင်ဆက်ပုံတွေ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေနဲ့ Kingsman ဆိုတဲ့ ရသသစ်တစ်ခုကို အပြည့်အဝပေးနိုင်ခဲ့ပါတယ်။
Kingsman: The Golden Circle (2017) ရုပ်ရှင်ကိုတော့ Kingsman: The Secret Service(2014) ရဲ့အဆက်အဖြစ်တင်ဆက်ထားပြီး ပထမကားက သရုပ်ဆောင်တွေ ဗီလိန်တွေကိုပါချိတ်ဆက်ထားပါတယ်။