What's happening?

Video Sources 483 Views Report Error

  • Watch trailer
  • Spy (2015)
Spy

Spy

She's a risk they had to take.May. 06, 2015United States120 Min.R
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။
အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ “ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ” လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျွန်တော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။

စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ -ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းက ကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ ပထမဆုံးဇာတ်ကောင် ၂ -ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။

ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါ ကြိတ်ကြွေနေသေးတာ။ တစ်နေ့တော့ အဏုမြူဗုံးတစ်လုံးကို ပြန်ယူရမဲ့မစ်ရှင်ဖြစ်လာတယ်။ အဲဒီမှာ ဖိုင်းတစ်ယောက် လုပ်ကြံခံလိုက်ရတဲ့အပြင် လက်သည်ကလည်း စီအိုင်အေက စပိုင်တွေအကုန်လုံးရဲ့နာမည်ကို သိထားပြီးသားဖြစ်နေပြီဆိုတော့ မြေပြင်ထွက်တဲ့စပိုင်တွေတိုင်ပတ်တော့တာပေါ့။ သူတို့အနေနဲ့ သူလျှိုဝင်လုပ်ဖို့က မဖြစ်နိုင်တော့ဘူး။ အဲဒီလိုနဲ့ ဒီမစ်ရှင်က မြေအောက်ခန်းမှာကွန်ပြူတာကိုင်တဲ့ ဆူဆန်ကူးပါး ရဲ့တာဝန်ဖြစ်လာတယ်။ သူ့ပုံကလည်း ရုပ်ရှင်ထဲက စပိုင်‌တွေလိုခပ်လန်းလန်းမဟုတ်တဲ့အပြင် သူ့အကြောင်းလည်း ဘယ်သူမှအဖတ်မလုပ်ဘူးဆိုတော့ သူပဲလုပ်ပေးပါမယ်ပေါ့။

သူက သင်တန်းဆင်းအေးဂျင့်ဆိုပေမဲ့ တခြားသူမပြောနဲ့ သူ့ကိုယ်သူတောင်ယုံကြည်ချက်မရှိဘဲ အထင်မကြီးဘူးဖြစ်နေတယ်။ ဒါပေမဲ့ မြေပြင်ပေါ်ရောက်လာတဲ့အချိန် စိတ်ရှိလက်ရှိကြမ်းရမ်းရင်း သူကိုယ်တိုင်တောင်မသိတဲ့ သူ့ရဲ့လုပ်နိုင်စွမ်းတွေကိုပါ မြင်လာရတယ်။ အဲဒီလိုနဲ့ သူလျှိုဝင်လုပ်တဲ့အချိန်မှာ ဒီအဏုမြူဗုံးအရောင်းအဝယ်ကိစ္စက နှစ်ဖက်ချွန်သူလျှိုတွေဘာတွေနဲ့ သပွတ်အူလိုရှုပ်ရှုပ်လာတော့ စပိုင်ကားတွေအတိုင်း အက်ရှင် ဇာတ်အိမ်ကောင်းကောင်းနဲ့ အမှုကိုဖြည်ကြတာပေါ့။

ဒီရုပ်ရှင်မှာ အခိုက်ဆုံးနေရာဆိုရင် ဆူဆန့်ရဲ့ ဇာတ်ရုပ်အပြောင်းအလဲဖြစ်တဲ့နေရာဖြစ်လိမ့်မယ်။ တအားချိုသာတဲ့လူအဖြစ်ကနေ သူ့ဇာတ်‌သူမနိုင်နိုင်အောင်က,ရင်းကနေ ငါဒီလိုတောင် သောက်ကြမ်းကြီးလုပ်နိုင်ပါလားဆိုတဲ့အထိ ဇိုးကြီးဖြစ်သွားတာက ရယ်ရသလောက် အားရဖို့လည်းကောင်းတယ်။ ဇာတ်လမ်းကတော့ စပိုင် အက်ရှင် ဟာသကို ကျကျနနရောထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲ။

ဒါရိုက်တာ Paul Feig က သူ့အနေနဲ့ စပိုင်ကားကိုမှ ဖန်တရာတေ ဟာသတွေမသုံးဘဲ အတတ်နိုင်ဆုံးရယ်ရတဲ့ အက်ရှင်ကားမျိုးဖြစ်အောင်ရိုက်ချင်တယ်ဆိုတဲ့ စိတ်ကူးကနေအရင်းခံပြီး ဇာတ်ညွှန်းကိုသူကိုယ်တိုင်ရေးခဲ့တယ်။ ဟာသတွေကလည်း အခုထိသစ်တုန်းပဲ။ လင်းနို့တွေရုံးထဲရောက်နေတဲ့အခန်းဆိုရင် သူရိုက်ခဲ့တဲ့ The Office အပိုင်းတစ်ခုကို reference ယူထားတယ်လို့ဆိုတယ်။ Jason Statham ဇာတ်ကောင်ကိုလည်း အစကတော့ တည်တည်တံ့တံ့အနေနဲ့ရေးခဲ့ပေမဲ့ နောက်မှစိတ်ပြောင်းပြီး အူကြောင်ကြောင်ဟာသဇာတ်ကောင်အနေနဲ့ ထည့်သုံးလိုက်တယ်။ အဲဒီဘဲကလည်း ဟာသအပိုင်းမှာပါ တော်တော်ကိုပိုင်တယ်လို့ ပြောရလောက်အောင် အတည်ပေါက်ကြီးတွေဖောက်တယ်။ ဟာသမင်းသားအနေနဲ့ပါ ဆုတစ်ခု ဆန်ကာတင်ဝင်သွားသေး။

ဒါရိုက်တာ Paul Feig နဲ့ Melissa McCarthy ကိုဇာတ်ကြောင်းပြန်ကောက်မယ်ဆိုရင် သူတို့ကရှေ့မှာ Bridesmaid တို့ The Heat တို့ကိုရိုက်ခဲ့ပြီးပြီ။ Melissa McCarthy ဆိုတာ ဒီကားမတိုင်ခင်ကတော့ ဇာတ်ပို့ဟာသမင်းသမီးလောက်ပေါ့။ ဒါပေမဲ့ Bridesmaid မှာ ဇာတ်ပို့အော်စကာဆု ဆန်ကာတင်ဝင်သွားတဲ့အထိ သရုပ်ဆောင်ကောင်းနေတော့ Spy မှာ အဓိကဇာတ်ကောင်အနေနဲ့တည်ရိုက်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ Feig က တာဝန်ကြီးကြောင်းလည်းဝန်ခံခဲ့တယ်။ သူ့အဆိုအရ ဒီရုပ်ရှင်ကိုသာ ပေါကားဖြစ်အောင်သူရိုက်မိရင် အမျိုးသမီးတွေရဲ့ ဟာသရုပ်ရှင်နယ်ပယ်က တော်တော်အထိနာသွားမယ်တဲ့။

ဒီလိုတာဝန်များတဲ့ကိစ္စမှာ Melissa McCarthy ကို ထည့်ရိုက်တယ်ဆိုတာ တော်ရုံယုံကြည်မှုနဲ့တော့မဟုတ်ဘူး။ Melissa ကလည်း စတန့်တွေကိုပါ ကိုယ်တိုင်ဝင်လုပ်တဲ့အပြင် အက်ရှင်ခန်းအတွက် သိုင်းပါသင်တဲ့အထိ တော်တော်ကြိုးစားခဲ့တယ်။ ယုံကြည်မှုကို အလဟဿမဖြစ်စေဘူးပေါ့လေ။ သူ့ရဲ့သရုပ်ဆောင်ချက်တွေကလည်း ဒီရုပ်ရှင်ကို အဓိကချီးကျူးကြတဲ့ထဲမှာပါတယ်။ ချုပ်ပြောရရင် သရုပ်ဆောင်တွေကော ဇာတ်လမ်းပါ ပျင်းဖို့မကောင်းတဲ့ရုပ်ရှင်ပါပဲ။ “ငါသာ အတွေ့အကြုံမရှိဘဲ စပိုင်အနေနဲ့ထွက်လုပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲတွေးကြည့်ပါ”။
ပြီးရင် ဒီရုပ်ရှင်ကိုကြည့်လိုက်ပါ။
မိုးမွှန်နေအောင်ရိုင်းထားတာကြောင့် ဒီရုပ်ရှင်နဲ့အင်္ဂလိပ်စာသင်မယ်ဆိုရင်တော့ ကောင်းကောင်းဆဲတတ်သွားမှာတော့သေချာပါတယ်။

#Spy #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames  #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames

Spy
Spy
Spy
Spy
Spy
Spy
Spy
Spy
Spy
Spy
Original title Spy
IMDb Rating 7 257,942 votes
TMDb Rating 6.835 5,808 votes

Director

Cast

Melissa McCarthy isSusan Cooper
Susan Cooper
Rose Byrne isRaina Boyanov
Raina Boyanov
Jason Statham isRick Ford
Rick Ford
Jude Law isBradley Fine
Bradley Fine
Miranda Hart isNancy B. Artingstall
Nancy B. Artingstall
Allison Janney isElaine Crocker
Elaine Crocker
Bobby Cannavale isSergio De Luca
Sergio De Luca
Morena Baccarin isKaren Walker
Karen Walker
Raad Rawi isTihomir Boyanov
Tihomir Boyanov

Similar titles

Elemental
Builder Boys
Aśoka
Olympus Has Fallen
The Dirty 3rd: Next Generation
Junkyard Dog
Iron Mask
Totally Killer
The Holy Man With Ghost Sathu
High Heat
Amerikatsi
The Killer

Leave a comment