What's happening?

Video Sources 623 Views Report Error

  • Watch traileryoutube.com
  • Konco-Konco Edan (2025)Unknown resource
Konco-Konco Edan

Konco-Konco Edan

Dec. 05, 2024USA85 Min.G
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Konco-Konco Edan (2025)

Konco-Konco Edan ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂန္ထဝင်ဟာသအဖွဲ့ Warkop DKI နဲ့ ရုပ်ချင်းဆင်လို့ နာမည်ကြီးလာကြတဲ့ Trio Makuboyz အဖွဲ့ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။

ဒီကားမှာတော့ သူတို့အဖွဲ့ကို ရတနာဆိုင်ပိုင်ရှင် ဂွကျကျ စစ်ပြန်အဘိုးကြီး ကာတိုလိုရဲ့မြေးနဲ့သူငယ်ချင်းတွေအဖြစ်တွေ့မြင်ကြရမှာပါ။

သူတို့ကို စစ်တပ်ထဲမှာလိုတင်းတင်းကျပ်ကျပ်အုပ်ချုပ်ပြီး ကပ်စေးလည်းနည်းတဲ့အဘိုးကြီးက တစ်နေ့တော့အပန်းဖြေခရီးထွက်ဖို့ဆိုပြီး သူတို့အားလုံးကိုခေါ်လာပါတယ်။ ပထမဆုံးနေရာကိုရောက်တဲ့နေ့မှာပဲ အဘိုးကြီးဟာနှလုံးရပ်သေဆုံးသွားခဲ့ပြီး မသေခင်မှာ သေတမ်းစာ နှစ်စောင်ကိုမြေးဖြစ်သူ မာမက်ဆီကိုပေးခဲ့ပါတယ်။

ပထမ သေတမ်းစာအရ သူတို့အဖွဲ့ဟာ အဘိုးကြီးရဲ့ငယ်ချစ်ဦး ဘီယာ့ဆိုတဲ့ အမျိုးသမီးဆီကို အရောက်ပို့ပေးရမှာဖြစ်ပြီး အဲ့ဒီကိုရောက်ရင် သူတို့တာဝန်ကျေပြီဖြစ်တဲ့အတွက် ပထမသေတမ်းစာကိုပယ်ဖျက်ပြီး အမွေအားလုံးကို သူတို့အဖွဲ့က ရမှာဖြစ်ပါတယ်။ အဲ့ဒါနဲ့ပဲသူတို့အဖွဲ့ဟာ အငှားကားပိုင်ရှင် မိန်းမလှလေးကီးနဲ့အတူ အဘိုးကြီးရဲ့အလောင်းကိုတင်ပြီး သူ့ငယ်ချစ်ဦးဆီ အရောက်ပို့ဖို့အခက်အခဲပေါင်းစုံကြားက ခရီးနှင်ကြပါတော့တယ်။

ဒါပေမဲ့လည်း လမ်းကြုံလိုက်ချင်တဲ့ အမျိုးသမီးသရဲ၊ လမ်းပြကောင်မလေးနဲ့ဆက်စပ်နေတဲ့ ဒုစရိုက်သမားတွေရဲ့အနှောင့်အယှက်တွေနဲ့ အလွဲလွဲအချော်ချော်ပြဿနာတွေကြားက ခရီးဆုံးကို အချိန်မှီရောက်နိုင်ပါ့မလား?

သူတို့မျှော်မှန်းတဲ့ အမွေတွေကရော တကယ်ရနိုင်ပါ့မလား?

အဘိုးကြီးရဲ့ အချစ်ဦးဆိုတဲ့ အမျိုးသမီးကရော သူတို့သွားလိုရာမှာရှိနေပါ့မလား? ဆက်လက်ရှုစားကြပါ။

Konco-Konco Edan
Original title Konco-Konco Edan

Similar titles

School Society
Joyeux Noel
Fremont
It’s Okay!
Bloody Beggar
He Loves Me Not
ပြိုင်ဘက်မရှိသံခေါင်း
Little Bone Lodge
Office Romance
I, Frankenstein
Longlegs
Baaria

Leave a comment