အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့ နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးအဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က ၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။ A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။ Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films production company က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာအမျိုးအစားပါပဲ။
ဇာတ်လမ်းအကျဉ်း
***************
အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမားတစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်းသတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့အမှုတွေချည်း ဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့စာတစ်စောင်ချန်ခဲ့လို့သာ တရားခံရှိတယ်ဆိုတာသိရပြီး တရားခံဟာအမှုဖြစ်ချိန်တိုင်းမှာ လူကိုယ်တိုင် ရှိမနေခဲ့ပါဘူး။ အဲဒီ ဝှက်စာတွေအရတရားခံကို ခြေတံရှည်ကြီးလို့ သိရပါတယ်။ လီဟာကာတစ်ယောက် လူသတ်မှုတွေရဲ့ နောက်ကွယ်က ဆက်စပ်ပုံတွေကို အဖြေရှာရင်း နောက်ထပ် လူသတ်မှုတွေ ဖြစ်လာမှာကိုပါရိပ်စားမိပြီး တားဆီးဖို့ ကြိုးစားရပါတော့တယ်။
#Longlegs #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames