
Love of Your Life (2026)
++++++++++++
ဒီဇာတ်ကားလေးမှာတော့ Margaret Qualley အပါအဝင် ဟောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင်တွေ လက်စွမ်းပြထားပြီးတော့ ဇာတ်လမ်းတလျှောက်လုံး The Bleachers တီးဝိုင်းအပါအဝင် သီချင်းအေးအေးလေးတွေနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
++++++++++++
လူတိုင်းရဲ့ဘဝတလျှောက်မှာ ရင်ခုန်ဖူးတဲ့သူ၊ သဘောကျဖူးတဲ့သူ၊ ချစ်ကြိုက်ဖူးတဲ့သူတွေ တစ်ယောက်မက ရှိကြမှာပါ။
ဒါပေမဲ့ လူတစ်ယောက်ရဲ့တစ်သက်စာမှာ သူ့ဘဝကိုပြီးပြည့်စုံသွားသလို ခံစားရစေမဲ့လူမျိုး၊ နိုးထလာတဲ့ နေ့ရက်တိုင်းက အရောင်အသွေးစုံလင်ပြီး အဓိပ္ပါယ်ရှိနေသလို ခံစားရစေမဲ့လူမျိုး၊ ကိုယ့်ဘဝရဲ့အချစ်လို တင်စားရမဲ့လူမျိုးကို တွေ့ရဖို့က တကယ့်ကို ရှားပါတယ်။
ဒီဇာတ်ကားလေးမှာလည်း မာယာဆိုတဲ့ သူနာပြုကောင်မလေးတစ်ယောက်ဟာ သူ့ဘဝရဲ့ အချစ်ဆုံးလို့ပြောရမဲ့လူကိုရှာတွေ့ခဲ့ပြီး သူမဘဝရဲ့ နေ့ရက်တိုင်းဟာ ပျော်စရာအတိ လွမ်းခြုံနေခဲ့ပါတယ်။
ဒါပေမဲ့ ဘဝရဲ့ မထင်မှတ်ထားတဲ့ အချိုးအကွေ့မှာ ကံကြမ္မာက အကြောင်းဖန်လေတော့ သူမအနေနဲ့ အဲဒီလူကို ဆုံးရှုံးလိုက်ရပြီး ဘဝဟာ အဓိပ္ပါယ်မဲ့သွားခဲ့ပါတယ်။
ဒီတော့ ဒီဇာတ်ကားလေးမှာ သူမဟာ ပျောက်ဆုံးနေတဲ့ သူမရဲ့ဘဝကို ဘယ်လိုပြန်ရှာဖွေမလဲ၊ နေ့ရက်တွေကို အဓိပ္ပါယ်ရှိအောင် ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။