What's happening?

Video Sources 532 Views Report Error

  • Watch traileryoutube.com
  • Manodrome (2023)Unknown resource
Manodrome

Manodrome

Nov. 10, 2023United Kingdom | United States96 Min.R
Your rating: 0
8 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

အာဖရိက အကယ်ဒမီမှာ Best Film ဆုရဖူးတဲ့ တောင်အာဖရိကဒါရိုက်တာ John Trengove ရဲ့ ဟောလိဝုဒ်ဘက်မှာ ပထမဆုံးရိုက်တဲ့ရုပ်ရှင်ပါ။ ထုံးစံအတိုင်း မိန်းစထွင်းမ်တက်ရိုက်တဲ့ ဘဲတွေရဲ့ အထာအတိုင်း ပျော့ကွက်လေးတွေရှိသွားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်က မင်းသားတွေက Jesse Eisenberg နဲ့ Adrien Brody တို့လို တကယ့်ထိတ်ထိတ်ကြဲတွေ။ ဇာတ်ကလည်း သိပ်အားရစရာတော့ ရှိမနေပေမဲ့ သူတို့ဘာလို့ ဝင်သရုပ်ဆောင်လဲဆိုတာကတော့ ပဟေဠိပဲ။ အိုင်ဆန်ဘတ်အတွက်ကတော့ တန်တယ်လို့ပြောရမယ်။ ဒီရုပ်ရှင်ကတော့ ပြီးခဲ့တဲ့နှစ်က သူရိုက်ခဲ့တဲ့ကားလောက် ကောင်းမနေပေမဲ့ ဝေဖန်ရေးသမားတွေကတော့ အိုင်ဆန်ဘတ်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အများကြီး ချီးကျူးထားကြတယ်။ ဆယ်စုနှစ်တစ်ခုအတွင်း အိုင်ဆန်ဘတ် စကေးအပြထားဆုံးရုပ်ရှင်လို့တောင် ဆိုကြတယ်။ ဇာတ်က Psychological Thriller ဆန်ဆန်သွားထားတော့ ဒိသွားရင်လည်း မတရားဒိမယ့်ဇာတ်၊ အခုတော့ အလှမ်းကျယ် အလယ်လပ်လောက်ဖြစ်သွားပေမဲ့ သရုပ်ဆောင်တွေရဲ့ ဝိတ်နဲ့ မဆိုးလှတဲ့ အနေတစ်ခုရောက်သွားတယ်။ ဘာလင် အင်တာနေရှင်နယ် ရုပ်ရှင်ပွဲတော်မှာလည်း ပြခဲ့သေးတယ်။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Taxi Driver နဲ့ ယှဉ်ပြောကြတယ်။
ဇာတ်လမ်းကတော့ အဖေမဲ့ကြီးပျင်းလာပြီး ဘဝဒဏ်ကိုမျိုးစုံခံခဲ့ရတဲ့ ကောင်လေးဟာ အလုပ်ကပြုတ်ပြီး တက္ကစီသမားလုပ်နေတယ်။ သူ့မိန်းမကလည်း နေ့စေ့လစေ့ကလေးမွေးတော့မှာဖြစ်သလို ကလေးပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းကလည်းကြီး သူ့ဝင်ငွေကလည်းသိပ်မရှိတော့ ဒုက္ခအတိနဲ့ ဘဝကြီးထဲ ထွက်ပေါက်မဲ့နေတဲ့ လူပေါ့။ ဒီနောက် ကူကယ်ရာမဲ့ဖြစ်နေတဲ့ သူ့ဘဝထဲ ကယ်တင်ရှင်လိုလို အသင်းအဖွဲ့တစ်ခုနဲ့ တိုးတယ်။ ဒီအဖွဲ့ကလည်း စားတော့စားတယ်။ အဖွဲ့ဝင်အကုန်လုံးက မိန်းမတွေကလေးတွေကိုအပြီးအပိုင်ပစ်ပြီး ပျော်ပျော်ကြီးလာပျော်ပါးနေကြတဲ့လူတွေ။ အဲဒီလူတွေက သူ့ကို ဒီအဖွဲ့ထဲသွင်းဖို့ကြံကြတယ်။ သူလည်း စိတ်မပါတပါဖြစ်နေရာကနေ သူ့မိန်းမဆီက လေးစားမှုလည်းမရတော့တဲ့နောက် စိတ်ကပါလာတယ်။ အဲဒီနောက် သူနဲ့အဲဒီအဖွဲ့နဲ့ သူ့မိန်းမကြားက စိတ္တဇဆန်ဆန်အဖြစ်တွေကို ဂျက်စီကာအိုင်ဆန်ဘတ်ရဲ့ အားလုံးသိပြီးသား သရုပ်ဆောင်စကေးနဲ့ ခင်းကျင်းပြသွားတဲ့ကားတစ်ကားပေါ့။

#Manodrome #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Manodrome
Manodrome
Manodrome
Manodrome
Manodrome
Original title Manodrome
IMDb Rating 4.9 911 votes
TMDb Rating 5 3 votes

Similar titles

Blue Is the Warmest Color
The Stone
The Eyes
Noodles
Person of the Year
Mahavatar Narsimha
Greenland 2: Migration
Exterritorial
Kaazh
Eagle
The Godfather Part II
逃逸追踪

Leave a comment