၁၉၅၆ ခုနှစ်မှာ ရုရှား-ဟန်ဂေရီပဋိပက္ခကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိရှ်ဗန်ဆိုတဲ့ကောင်လေးဟာ တော်လှန်ရေးမှာပါဝင်ခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးကျရှုံးသွားချိန်မှာတော့
အိရှ်ဗန်ဟာလည်း အခြားတော်လှန်ရေးသမားတွေနည်းတူ အနောက်နိုင်ငံတွေဆီထွက်ပြေးခိုလှုံဖို့ ရွေးချယ်ရပါတော့တယ်။ ဒါ့ကြောင့် အိရှ်ဗန်ဟာ သူရဲ့ကောင်မလေးဖြစ်သူ စစ်တုရင်ချန်ပီယံမာတာကိုခေါပြီး ထွက်ပြေးဖို့လုပ်ပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖြစ်သူရီဒါဘာလင့်ဆိုသူဟာ လျှို့ဝှက်ရတနာတွေကိစ္စနဲ့ ဟန်ဂေရီလျှို့ဝှက်ရဲတွေရဲ့စစ်ကြောခြင်းကို ခံနေရသူပါ။ စစ်ကြောတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိုညှင်းပန်းနှိပ်စက်တာကိုခံနေရသူပေါ့။ တစ်နေ့တစ်နေ့ နေဝင်တာမသိ နေထွက်မသိထောင်နံရံကလွဲပြီး ဘာကိုမှမြင်ဖူးတော့တဲ့ ဘာလင့်ဆီကိုတစ်ရက်မှာ စစ်တုရင်စာအုပ်လေးတစ်အုပ်ရောက်လာပါတယ်။ ဒီစာအုပ်လေးကြောင့်ပဲ ဘာလင့်တစ်ယောက် အားလုံးပြောင်းလဲသွားပါတော့တယ်။
ဒီဇာတ်ကားမှာ ဒီလိုကွဲနေတဲ့ Storyline နှစ်ခုကို စစ်တုရင်နဲ့ချိတ်ဆက်ပြီး တင်ဆက်ထားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းသွားတဲ့ပုံစံနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တွေပါနေတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင်တော့ တစ်ခုခုကျန်ခဲ့မှာသေချာတာမို့လို့ဒီ Mastergame ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်။
#Mastergame #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames