What's happening?

Video Sources 499 Views Report Error

  • Watch traileryoutube.com
  • Urban Justice (2007)Unknown resource
Urban Justice

Urban Justice

When revenge is personal, justice can be brutal.Oct. 21, 2007n/A96 Min.n/A
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ဒီဇာတ်ကားကတော့နာမည်ကျော်အက်ရှင်မင်းသားကြီး စတီဗင်ဆီးဂါလ်(Steven Seagal)ပါဝင်ထားတဲ့ဇတ်ကားပါ။ Eddie Griffin Carmen Serano နဲ့အခြားဇာတ်ရံတွေအများကြီး အားဖြည့်ပါဝင်ထားကြပါတယ်။ ဒါရိုက်တာက Don E. FauntLeRoy ပါ။

သရုပ်ဆောင်ညံ့တယ်လို့ဝေဖန်ကြပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ တေးဂီတလည်းမဆိုးပါဘူး။ ကိုယ့်သားကိုသတ်သွားတဲ့သူကိုမရမကလိုက်လက်စားချေတဲ့ အဖေတစ်ယောက်ရဲ့အန္တရာယ်တွေကိုမမှုပဲစိတ်ပိုင်းဖြတ်ထားတာကတော့သဘောကျစရာပါပဲ။

ဇာတ်လမ်းအကျဥ်း
လူလေးစားခံရပြီး တာဝန်သိတဲ့ရဲအရာရှိမက်စ်ဘောလစ်စတာဟာ တာဝန်ထမ်းဆောင်ရင်း လော့အိန်ဂျယ်လိစ်မြို့(L.A)လမ်းတစ်လမ်းပေါ်မှာပစ်သတ်ခံလိုက်ရပါတယ်။ လူဆိုးဂိုဏ်းတွေအချင်းချင်း ပစ်ခတ်မှုတွေဖြစ်နေတဲ့ L.Aမှာ မက်စ်ကိုသတ်သွားတဲ့တရားခံကိုရှာတွေ့ဖို့က မလွယ်ဘူးလို့ သူ့အမှုကိုတာဝန်ယူထားတဲ့စုံထောက်ရှောကပြောပါတယ်။ မက်စ်ရဲ့အဖေ ဆိုင်မွန်ဘောလစ်စတာကတော့ ဒါကိုလက်မခံဘဲ သူ့နည်းသူ့ဟန်နဲ့စုံစမ်းပြီး လူသတ်သမားကိုလိုက်ရှာပါတယ်။

သူ့သားသတ်ခံရတဲ့နေရာနားမှာ အခန်းငှားနေပြီးစုံစမ်းပါတော့တယ်။ မက်စ်ရဲ့သတင်းပေး ဂယ်ရီမောရစ်ဆင်ဆိုတဲ့လူမည်းကောင်လေးရောက်လာပြီး အခြေအနေတစ်ချို့ကိုပြောပြပေးပါတယ်။ စုံစမ်းရင်း၊လိုက်ရင်းနဲ့ ရေလိုက်လွဲနေတာနဲ့ သဲလွန်စအသစ်တွေကိုသိလာပါတယ်။

ဆိုင်မွန်ရဲ့နောက်ကြောင်းကို တိတိပပမသိရပေမဲ့ ထိပ်ထိပ်ကြဲတိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းတွေကြားထဲလာကျယ်ရဲသလို တစ်ဖက်ကလည်းဆိုင်မွန့်ကိုလက်စဖျောက်ဖို့ အသည်းအသန်ကြိုးစားလာပါတယ်။

သစ္စာဖောက်တာတွေ လူလည်ကျတာတွေ မူးယစ်ဆေးရောင်းဝယ်တာတွေနဲ့ အညှာအတာမရှိသတ်ဖြတ်တာတွေကြားထဲကနေပဲ သူ့သားကိုသတ်သွားတဲ့သူကိုဆိုင်မွန်သိသွားတဲ့အခါ မထင်ထားတဲ့သူဖြစ်နေပြီး သူဘယ်လိုလက်စားချေမယ်ဆိုတာဆက်ကြည့်ကြပါ။

သေနတ်ပစ်ကားတွေသိပ်မကြိုက်တဲ့ကိုယ်တောင် ကြည့်ကောင်းသားပဲလို့မှတ်ချက်ချမိပါတယ်။ သူ့သားနဲ့ပတ်သက်ပြီး ဆိုင်မွန်ပြောတဲ့စကားလေးတွေကလည်းကဗျာဆန်ပြီး တကယ်ဟတ်ထိပါတယ်။ တွေးစရာတွေလည်းရပါတယ်၊ ဘာဟတ်ထိလဲသိရအောင် ကြည့်ကြည့်လိုက်ပါ။

Urban Justice
Urban Justice
Urban Justice
Original title Urban Justice
IMDb Rating 5.1 10 votes
TMDb Rating 5.07 122 votes

Director

Cast

Steven Seagal isSimon Ballister
Simon Ballister
Eddie Griffin isArmand Tucker
Armand Tucker
Kirk B.R. Woller isDet. Frank Shaw
Det. Frank Shaw
Carmen Serano isAlice Park
Alice Park
Cory Hart isMax Ballister
Max Ballister
Jade Yorker isGary Morrison
Gary Morrison
Danny Trejo isEl Chivo
El Chivo

Similar titles

The Old Way
The Nun II
致命蜈蚣
Article 370
Blackia 2
Her Hobby
Jenni
The Stone
Air Force One Down
Warhorse One
Do Patti
Red Rooms

Leave a comment