What's happening?

Video Sources 626 Views Report Error

  • Watch traileryoutube.com
  • May December (2023)Unknown resource
May December

May December

Some roles are transformative.Nov. 16, 2023United States117 Min.R
Your rating: 0
6 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

May December ကို ၂၀၂၃ -ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။
ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂-နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈-လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄-ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅-မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။
ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။
အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂-ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။
စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။

မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။
ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။
May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။

#MayDecember #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

May December
May December
May December
May December
May December
May December
May December
May December
May December
May December
Original title May December
IMDb Rating 7.2 7,270 votes
TMDb Rating 6.889 27 votes

Director

Todd Haynes
Director

Cast

Gabriel Chung isCharlie Atherton-Yoo
Charlie Atherton-Yoo
Elizabeth Yu isMary Atherton-Yoo
Mary Atherton-Yoo
Piper Curda isHonor Atherton-Yoo
Honor Atherton-Yoo

Similar titles

Before I Fall
Nowhere
Dora and the Search for Sol Dorado
What We Hide
Parasite
Snowden
The Walk
La Leyenda de los Chaneques
72 Hours – Operation Gold
Sila Ay Akin
Restless
Kandungan

Leave a comment