What's happening?

Video Sources 1198 Views Report Error

  • Watch traileryoutube.com
  • Mind the Gap (2004)Unknown resource
Mind the Gap

Mind the Gap

Who will you meet at the crossroads of your life?Jan. 01, 2004United States134 Min.R
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမဲ့ ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀-ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင်
မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။
ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။

တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမဲ့ အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့…လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။

ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။

ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ -လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။

#Mind the Gap #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Mind the Gap
Original title Mind the Gap
IMDb Rating 7 1,006 votes
TMDb Rating 5.4 6 votes

Director

Cast

Alan King isHerb Schweitzer
Herb Schweitzer
Elizabeth Reaser isMalissa Zubach
Malissa Zubach
Charles Parnell isJohn McCabe
John McCabe
Jill Sobule isJody Buller
Jody Buller
Kim Raver isVicki Walters
Vicki Walters
John Heard isHenry Richards
Henry Richards
Todd Weeks isDoctor Albertson
Doctor Albertson
Vera Farmiga isAllison Lee
Allison Lee

Similar titles

Original Sinful Affairs
Malaikat Malam
Missions of Love
Hitman
My Fault
Killers of the Flower Moon
Single in Seoul
Hoarder on the Border
Silver Haze
Role Play 2: Dongchim
She Cries Murder
800

Leave a comment