What's happening?

Video Sources 724 Views Report Error

  • Watch traileryoutube.com
  • Mr. & Mrs. Aslan (2025)Unknown resource
Mr. & Mrs. Aslan

Mr. & Mrs. Aslan

Sep. 18, 202593 Min.
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Mr. & Mrs. Aslan (2025)

IMDb Rating : 4.7/10
+++++++++++++

Mr. & Mrs. Aslan ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလလေးတင် ထွက်ရှိထားတဲ့ အက်ရှင်နဲ့ ဟာသ ရောယှက်ထားတဲ့ ရုပ်ရှင်သစ်တစ်ကား ဖြစ်ပါတယ်ဗျ။ ဒီဇာတ်လမ်းက တူရကီရုပ်ရှင်လောကကနေ ထွက်လာတာဖြစ်ပြီး ဘရတ်ပစ်နဲ့ အန်ဂျလီနာဂျိုလီ တို့ရဲ့ နာမည်ကျော် Mr. & Mrs. Smith ရုပ်ရှင်ကို အငွေ့အသက်ယူထားသလိုမျိုးပါပဲခင်ဗျာ။

ဇာတ်ကြောင်းကတော့ အမ်ရေးနဲ့ လူနာတို့ဟာ အများအားကျရတဲ့ စုံတွဲတွေပါ။ ဒါပေမဲ့ သာမန်ရုံးဝန်ထမ်းလေး အမ်ရေး နဲ့ မတူဘဲ သူ့မိန်းမ လူနာက‌တော့ လျှို့ဝှက်အေးဂျင့် တစ်ယောက်ဖြစ်နေတာပါပဲ။ လူနာက ဒါကို ဘယ်သူကိုမှမပြောဘဲ ခရီးသွားအေဂျင်စီမှာလုပ်တယ်ဆိုပြီး လိမ်ထားတာပါ။

ဒီလိုနဲ့တစ်နေ့မှာ အရမ်းအန္တရယ်များတဲ့ ရာဇဝတ်ကောင်တစ်ကောင်ကို လူနာတို့ ဖမ်းမိရာကနေ လူနာ့ကို အငြှိုးနဲ့ နှောင့်ယှက်ခံရပါတော့တယ်။ အမူအရာပျက်နေတဲ့ လူနာကို အမ်ရေးတစ်ယောက် သူ့သူငယ်ချင်း‌တွေမြှောက်ပေးတာနဲ့ ဖောက်‌ပြန်နေတယ်အထင်နဲ့ လိုက်လံစုံစမ်းရာမှ အလွဲတွေ အမျိုးမျိုးနဲ့ ကြုံတွေရာမှာတော့၊

ဟာသတွေ အားကောင်းတဲ့ အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ပြထားတာ‌တွေ့ရမှာပါ။ ရုပ်ရှင်က အက်ရှင်ကားဆိုပေမဲ့ ဇာတ်လမ်းတစ်လျှောက်လုံးမှာ အမ်ရေးနဲ့ သူ့သူငယ်ချင်းတွေရဲ့ အလွဲတွေနဲ့ ဟာသလေးတွေနှောထားတာမို့ ကြည့်ရတာ တော်တော်လေး စွဲဆောင်မှုရှိပါတယ်။ အထူးသဖြင့် မင်းသားနဲ့ မင်းသမီးရဲ့ အပေးအယူညီမှုက အရမ်းကောင်းတာကြောင့် အချစ်အက်ရှင်ကား ကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ ဇာတ်ကားမျိုးပါပဲဗျာ။

Mr. & Mrs. Aslan
Mr. & Mrs. Aslan
Mr. & Mrs. Aslan
Mr. & Mrs. Aslan
Mr. & Mrs. Aslan
Original title Mr. & Mrs. Aslan
IMDb Rating 4.7 10 votes
TMDb Rating 6 5 votes

Similar titles

The Lost Lotteries
Elemental
Mahavatar Narsimha
Teaching Practice: Idiot Girls and School Ghost 2
Miraculous: Ladybug & Cat Noir, The Movie
Mob Land (2023)
The Monkey King 2
My Annoying Brother
Firewire Sniper
Tiger Nageswara Rao
Love All Over Your Face
Operation Crouching Wolf

Leave a comment