What's happening?

Video Sources 354 Views Report Error

  • Pindam (2023)
Pindam

Pindam

The Scariest Film EverDec. 15, 2023Indian/A
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

IMDb – 8.7/10 ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ နောက်ခံသံကောင်းကောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ သရဲကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အိန္ဒိယရဲ့တစ်ဦးတည်းသောလို့ဆိုနိုင်တဲ့ သရဲနှိမ်နင်းရေးပညာကို နိုင်ငံခြားအထိတောင်သွားရောက်ပြီးတော့ လိုက်စားထားတဲ့ မစ်အန်နာမာ။ သူ့ရဲ့အဖေကလည်း ဒီအလုပ်ကိုပဲ လုပ်ကိုင်ရင်း သူ့အဖေလိုက်နေတဲ့ ဝိညာဥ်တစ်ကောင်ကြောင့် သူ့ရဲ့ညီမနဲ့အမေဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရပြီးနောက်မှာတော့ သူ့အဖေကိုယ်တိုင်တောင် အဲဒီဝိညာဥ်ကိုတိုက်ခိုက်ရင်း အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

သူ့အဖေမသေဆုံးခင်မှာ ပညာအမွေတွေပေးခဲ့တဲ့အတွက်ကြောင့်နဲ့ မစ်အန်နာမာက သူ့အဖေတိုက်ခိုက်နေတဲ့ ဝိညာဥ်နောက်ကိုလိုက်ရင်း သရဲအပူးခံရသူ အနှောင့်အယှက်ပေးခံရသူတွေကို ကူညီရင်းနေလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဆီကို လေ့လာဖို့ရောက်လာတဲ့ လော့ခ်နတ်၊ သူ့ရဲ့အင်တာဗျူးချက်အရ မစ်အန်နာမာမှာလည်း သူမနိုင်တဲ့ဝိညာဥ်မျိုးရှိတယ်ဆိုတာကို ပြောပြရင်းနဲ့ ဒီဇာတ်လမ်းလေး အစပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀-ခုနှစ်တုန်းက ခရစ်ယာန်မိသားစုတစ်စုဆီမှာ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဆန်စက်တစ်ခုမှာ စာရင်းကိုင်လုပ်နေတဲ့ အန်တိုနီတစ်ယောက် အလုပ်နဲ့နီးရာကို အိမ်ပြောင်းရင်းနဲ့ ဒီအိမ်ကြီးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ အဲဒီအိမ်ကြီးမှာ အန်တိုနီရယ် သူ့ဇနီးဖြစ်သူ မယ်ရီ၊ သမီးနှစ်ယောက်နဲ့အတူ သူ့ရဲ့မိခင်ကြီးပါ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အမေဖြစ်သူကလည်း အန်တိုနီ့ဆီမှာ သားယောက်ျားလေးမွေးဖွားလာရင် သူ့ရဲ့ချစ်ခင်ပွန်းကြီးပြန်ဝင်စားမယ်ဆိုပြီးတော့ သားယောက်ျားလေးမမွေးမချင်း ဖိအားပေး မွေးခိုင်းနေပါတော့တယ်။ ဒီလိုနဲ့ပဲ သူတို့မိသားစု ဒီအိမ်ကြီးထဲမှာ နေထိုင်နေရင်းကနေ ဘယ်လိုမျိုးတွေ ကြုံတွေ့ရမလဲ ……… ဒီအိမ်ကြီးထဲက သော့ခတ်ထားတဲ့အခန်းတစ်ခုကရော ဘာအကြောင်းများရှိလို့ သော့ခတ်ထားရတာလဲ……… အန်တိုနီတို့မိသားစု ရင်ဆိုင်ကြုံတွေနေရတဲ့ ဝိညာဥ်ဆိုးကြီးကရော ဘယ်လောက်အထိတောင် အဆင့်မြင့်ဝိညာဥ်ဖြစ်နေမလဲ …… ဒီဝိညာဥ်ဆိုးကြီးကိုရော ဘယ်လိုမျိုးပုံစံတွေနဲ့ နှိမ်နင်းသွားမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ သရဲဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

#Pindam #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

 

Pindam
Original title పిండం
IMDb Rating 8.4 5,905 votes
TMDb Rating 7 1 votes

Similar titles

The Wages of Fear
Bharathanatyam
All the Names of God
Furie
Hidden Strike
Hitman
Flight Risk
Do You Fear What I Fear?
Something Is About to Happen
Miss. Shetty Mr. Polishetty
American Star
Jaane Jaan

Leave a comment