What's happening?

Video Sources 634 Views Report Error

  • Watch traileryoutube.com
  • Prema Vimanam (2023)Unknown resource
Prema Vimanam

Prema Vimanam

Oct. 13, 2023India146 Min.n/A
Your rating: 0
9 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

ကျွန်‌တော်တို့ရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သူငယ်ချင်း‌တွေ ရွယ်တူတွေ ဘာလုပ်လုပ် ဘာစားစား အိမ်ကိုပြန်ပူဆာရင်းနဲ့ အမေနားရွက်လိမ်ဆွဲတာခံရတာလည်း တစ်ခုအပါအဝင်ပါပဲ။
ဒီလိုတစ်ချိန်က အမှတ်တရတွေကို ပြန်အမှတ်ရနိုင်ဖို့ Prema Vimanam ဆိုတဲ့‌ Telugu ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းအကျဉ်း

ရာမူး နဲ့ လာချူး တို့ညီအစ်ကိုဟာ ငွေကြေးမပြည့်စုံတဲ့ လယ်သမားကြီးအိမ်က ကလေးနှစ်ယောက်ပါ။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့မိသားစုက ကလေးတွေပီပီ ဘောင်းဘီပြဲ‌ရင်တောင် မလဲနိုင်လေတော့ ရွယ်တူကလေးတွေလှောင်တာခံရတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သူတို့ကစားနေကြအဖွဲ့ထဲက ဆာတစ်ရှ်ဆိုတဲ့ကလေးက လေယာဉ်ပျံကြီးစီးပြီး ဘုံဘေကိုသွားတယ်လို့ကြားလိုက်ချိန်မှာတော့ ဒီကလေးနှစ်ယောက် လေယာဉ်ပျံရူးစရူးကြပါတော့တယ်။
ဆန္ဒပြင်းပြနေတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး သူတို့ရဲ့အိပ်မက်ကို အဖျက်တွေမပြောချင်တဲ့အဖေဖြစ်သူကလည်း သီးနှံအထွက်ကောင်းရင်သွားမယ်လို့ ပြောလိုက်တဲ့အခါ….

အိမ်အခြေအနေက လယ်ကိုကြွေးရှင်လက်အပ်ရမယ့်ဆဲဆဲဆိုပေမဲ့ ကလေးပီပီ ဘာမှမသိတဲ့ ရာမူးနဲ့လာချူးတို့ညီအစ်ကိုနှစ်ယောက် သူတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုကြိုးစားကြမလဲ။ တစ်ဖက်က မျိုးရိုးအဆင့်အတန်းကွာခြားချက်ကြောင့် ခိုးရာလိုက်ပြေးလာတဲ့ မာနီ နဲ့ အာဘီသာတို့စုံတွဲကလည်း လေယာဉ်စီးဖို့ဖြစ်လာတော့ ဒီအတွဲနဲ့ဒီကလေးတွေဆုံတွေ့ပြီး ဘယ်လိုအချိုးအကွေ့တွေဖြစ်လာမလဲ။ အိပ်မက်ကိုရှာတဲ့သူနဲ့ အချစ်ကိုရှာတဲ့သူတို့တွေ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျနိုင်မလားဆိုတာ ကျေးလက်အလှ ကျေးလက်ဓလေ့တွေကိုခံစားရင်း ကြည့်ရှုလိုက်ကြပါစို့လား။

Prema Vimanam
Prema Vimanam
Prema Vimanam
Original title ప్రేమ విమానం
IMDb Rating 9.3 28 votes
TMDb Rating 7 1 votes

Similar titles

The Wandering Earth II
Comic 8 Revolution: Santet K4bin3t
Mayday
The Return of the Sister-in-Law
Oink
The Lost Choices
Super/Man: The Christopher Reeve Story
Maama Mascheendra
Remember
Do Patti
Boléro
Gowok: Javanese Kamasutra

Leave a comment