What's happening?

Video Sources 374 Views Report Error

  • Watch trailer
  • Rustin (2023)
Rustin

Rustin

Own your power.Nov. 03, 2023United States108 Min.PG-13
Your rating: 0
5 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်…

Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်…

သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်…

အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။ Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် “မိတ်ဆွေများအသင်း” လို့အဓိပ္ပာယ်ရတယ်။ ပရိုတက်တင့် ခရစ်ယာန်လိုင်းခွဲတစ်ခုပေါ့။ အဲဒီလိုနေရာကနေ ကြီးပြင်းလာတဲ့ လူမည်းတယောက်အနေနဲ့ လူမျိုးရေးခွဲခြားမှုပေါင်းမနည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစလို့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။

သူက လူမျိုးရေးခွဲခြားကြတဲ့ခေတ်မှာ လူမည်းဖြစ်ရုံတင်မကဘဲ လိင်ခွဲခြားမှုများနေတဲ့အချိန်မှာ ဂေးနေတဲ့အပြင် စစ်အေးကာလမှာလည်း ကွန်မြူနစ်ဟောင်းဆိုတဲ့နာမည်ရှိနေပြန်တယ်။ သူ့အတွက် လုပ်ရကိုင်ရတာ သိပ်ကျပ်စေမယ့်အခြေအနေတွေ စုပြုံခဲ့တာပဲ။ ဒါပေမဲ့ သူနောက်ဆုတ်သလား၊ နောက်မဆုတ်ခဲ့ဘူး။ လူသားအားလုံးအတွက် တန်းတူတရားမျှတမှုအတွက် ကြုံလာသမျှရင်ဆိုင်ခဲ့တယ်။ သူ့ကို အပုပ်ချတာတွေ၊ နှိပ်ကွပ်တာတွေ ခွဲခြားတာတွေ အများကြီးရှိခဲ့တယ်။
သူ့ရဲ့ဖြစ်တည်မှုက လှုပ်ရှားမှုကြီးမှာ အနှောက်အယှက်ဖြစ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တော်ရုံကိစ္စတွေမှာတောင် သူ ‌လူရှေ့မထွက်ခဲ့ဘူး။ တနည်းအားဖြင့် နာမည်ဝင်ယူတဲ့အလုပ်မျိုး မလုပ်ခဲ့ဘူးပေါ့။ ဝါရှင်တန်ချီတက်ပွဲကြီးအပြီးမှာလည်း လိင်တန်းတူညီမျှရေးအတွက် ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။ သူက ဂန္ဓီရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း သက်ဝင်ယုံကြည်တဲ့လူတယောက်။ “ဂန္ဓီကြီးက အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ အင်ပါယာကြီးကို ဒူးထောက်စေခဲ့တယ်” လို့သူမကြာခဏပြောလေ့ရှိတယ်။ မာတင်လူသာကင်းရဲ့ ငြိမ်းချမ်းရေးဝါဒဟာလည်း သူ့ဆီကနေ တစိတ်တပိုင်း‌မြစ်ဖျားခံခဲ့တယ်။ မာတင်လူသာကင်းရဲ့ “ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်” ဆိုတဲ့ သမိုင်းဝင်မိန့်ခွန်းကြီးကလည်း Rustin ကြောင့်သာမဟုတ်ရင် ရှိလာမှာမဟုတ်ဘူးလို့ မာတင်လူသာကင်းက ပြောခဲ့တယ်။
ဒီလိုလူတယောက်အနေနဲ့ အမေရိကန်သမိုင်းမှာ အချိုးအကွေ့ကြီးတခုဖြစ်စေမယ့် ဝါရှင်တန်ချီတက်ပွဲကြီးကို ပဲ့ကိုင်ခဲ့တယ်။ ဒီချီတက်ပွဲအပြီးမှာ သမ္မတကနေဒီရဲ့ လူ့အခွင့်အရေးမူကြမ်းကို တင်သွင်းနိုင်ခဲ့ပြီး လူမျိုးရေးတန်းတူညီမျှမှုတိုက်ပွဲမှာ ခြေလှမ်းကျယ်ကျယ်လှမ်းနိုင်ခဲ့တယ်။
ဒီရုပ်ရှင်ကတော့ Rustin လို့ပေးထားပေမဲ့ သူ့ရဲ့ ဘဝတလျှောက်လုံးကို ချပြထားတာမဟုတ်ဘဲ ဝါရှင်တန်ချီတက်ပွဲကို ကြိုးစားကြတဲ့ ဘဝတစိတ်တပိုင်းကို ချပြထားတယ်။ အခက်အခဲပေါင်းစုံကြုံရတဲ့အပြင် စိတ်သဘောထားမတိုက်ဆိုင်မှုပေါင်းစုံနဲ့ အောင်မြင်ပါ့မလားမသေချာတဲ့ ပွဲကြီးကို မျှော်လင့်ချက်တခုတည်းကိုင်ပြီး အကောင်အထည်ဖော်ခဲ့ကြပုံကို ရိုက်ကူးထားတာပါ။
Cast တွေအနေနဲ့ Rustin နေရာက Coleman Domingo နဲ့ NAACP ရဲ့ ဥက္ကဋ္ဌ Roy Wilson နေရာမှာ Chris Rock အပြင် တခြား Cast တွေကလည်း လက်တွေ့ဘဝကလူတွေနဲ့ အနီးစပ်ဆုံးတူညီအောင် ရှာသုံးထားတာတွေ့ရတယ်။ Coleman Domingo ကတော့ မျှော်လင့်ထားသလိုပါပဲ၊ သူ့ရဲ့အကောင်းဆုံးမဟုတ်ရင်တောင် ဒီရုပ်ရှင်ကို အတော်လေး ဆွဲခေါ်သွားနိုင်တာတွေ့ရတယ်။ Chris Rock ကိုတော့ ဘုကလန့်လုပ်တဲ့ ဘိုးတော်ကြီးအနေနဲ့ မြင်ရတာ ရယ်ချင်သလိုလိုဖြစ်နေတာတော့ရှိတာပေါ့လေ။ ခြုံပြောရရင်တော့ Cast တွေရွေးထားတာ အတော်အဆင်ပြေပါတယ်။ ဒီထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတွေအနေနဲ့ NAACP ဆိုတာကတော့ လူမည်းအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတစ်ခု၊ ဩဇာအကြီးဆုံးဆိုရင်လည်းမှန်တယ်။ SNCC ကတော့ ကျောင်းသားများ အကြမ်းမဖက် ညှိနှိုင်းရေးအဖွဲ့ဖြစ်ပြီး ၂၀ – ရာစုအလယ်ပိုင်းက လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ပါဝင်ခဲ့တယ်။ UAW ကတော့ ကားလုပ်သားများ ယူနီယံပါ။ ဝါရှင်တန်ချီတက်ပွဲမပြောပါနဲ့၊ အဲဒီခေတ်တုန်းကဖြစ်သမျှ လူ့အခွင့်အရေးလှုပ်ရှားမှုအားလုံးလိုလိုမှာ သူတို့တက်တက်ကြွကြွပါဝင်ခဲ့တယ်။
ဒီရုပ်ရှင်က မပျင်းရဘဲဆွဲခေါ်သွားနိုင်တဲ့အပြင် တကယ်ပြောခဲ့တဲ့ စကားတွေကိုပါ ထည့်သုံးထားတယ်ဆိုတော့ ကြည့်လို့လည်းကောင်း ဗဟုသုတလည်းရ ဆိုတဲ့ သမိုင်းရုပ်ရှင်မျိုးပါပဲ။

#Rustin #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

Rustin
Rustin
Rustin
Rustin
Rustin
Rustin
Rustin
Rustin
Rustin
Original title Rustin
IMDb Rating 6.6 2,021 votes
TMDb Rating 6.4 22 votes

Director

Cast

Colman Domingo isBayard Rustin
Bayard Rustin
Chris Rock isRoy Wilkins
Roy Wilkins
Glynn Turman isA. Philip Randolph
A. Philip Randolph
Aml Ameen isMartin Luther King Jr.
Martin Luther King Jr.
CCH Pounder isDr. Anna Hedgeman
Dr. Anna Hedgeman
Michael Potts isCleveland Robinson
Cleveland Robinson
Bill Irwin isA. J. Muste
A. J. Muste
Da'Vine Joy Randolph isMahalia Jackson
Mahalia Jackson

Similar titles

Legend Of The Immortal
Iron Mask
Mahavatar Narsimha
The Walk
Snowden
Downfall
24 Hours with Gaspar
Aham Reboot
Cobweb
Society of the Snow
Roofman
Hoarder on the Border

Leave a comment