ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။
9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲဒီက သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ် မှားတယ်ဆိုတာထက် စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။
ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။ သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) ကကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။
ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီး စစ်သားစိစစ်သူအနေနဲ့ လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေသေဆုံးနေရတာကို အပြစ်ရှိသလို ခံစားနေရသူပါ။ ဒီဇာတ်လမ်းနဲ့ Kevin Bacon က အကောင်ဆုံးသရုပ်ဆောင် ရွှေကမ္ဘာလုံးဆုကိုလည်း ရရှိထားပါတယ်။ ဒီဇာတ်ကားကြည့်ပြီး မျက်ရည်တော့ နည်းနည်းဝဲမိမှာသေချာပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။