2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ပြန်ရေးထားပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
တိရစ္ဆာန်တွေကိုစမ်းသပ်ပြီး သန္ဓေပြောင်းစစ်တပ်တစ်ခုဖန်တီးချင်တဲ့အဖွဲ့တစ်ဖွဲ့ကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကိုခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲကျသွားရာကနေ ဆရာကြွက်တို့ လိပ်နင်ဂျာလေးဖော်တို့ ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက်ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတို့ကို လူတွေလက်ခံအောင် သူရဲကောင်းဖြစ်ဖို့ ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။