What's happening?

Video Sources 929 Views Report Error

  • Watch trailer
  • The Boys in the Boat (2023)
The Boys in the Boat

The Boys in the Boat

Dec. 25, 2023United States124 Min.PG-13
Your rating: 0
7 1 vote
JDBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JDBKX ads banner

Synopsis

George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇-ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈-ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။

ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက အဖွဲ့ကြီးမဟုတ်ဘူး။ နယ်ဘက်လို ဘက်က ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက ဂျူနီယာကောင်လေးတွေအကြောင်း။

ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက လူသစ်စုဖို့ လူရွေးပွဲလုပ်တယ်။ လာတဲ့လူတွေတော့ အများကြီးပဲ။ အဲဒီထဲကနေမှ သူတို့က ၈-ယောက်လှေလှော်အသင်းအတွက်လိုတဲ့ ရှစ်ယောက်ကိုပဲရွေးမှာ။ သူတို့ထဲက တချို့ဆို ပိုက်ဆံပေး နေစရာပေးတယ်ဆိုလို့ အဲဒါကိုမက်ပြီး ရောက်လာကြတာ။ လှေလှော်တဲ့အားကစားကို ချစ်ဖို့မပြောနဲ့ သေချာတောင်သိကြသေးတာမဟုတ်ဘူး။ ဆိုတော့ လှေလှော်အားကစားအကြောင်း နကန်းတစ်လုံးမှ မသိသေးတဲ့ဇာတ်ကောင်တွေနဲ့အတူတူ လှေလှော်တဲ့အားကစားအကြောင်းကြည့်ရင်း သူတို့ဒီအားကစားကိုချစ်လာပုံကို ကြည့်ရမှာဆိုတော့လည်း အားကစားဒရာမာတစ်ကားအနေနဲ့ ကြည့်ရတာ တော်တော်တော့ အဆင်ပြေတယ်။

ဆိုခဲ့သလို လှေခတ်တဲ့အကြောင်း ဘာမှတောင်မသိခဲ့တဲ့ကောင်လေးတွေကို လှေလှော်အသင်းနည်းပြက သေချာသင်ပေးရင်း ဒီအားကစားကို ချစ်တတ်လာအောင်ပါ သင်ပေးတာကို မြင်ရလိမ့်မယ်။ ၈-ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ချက်တောင် ရစ်သမ်မလွတ်သွားဘဲ တစ်သားတည်းဖြစ်အောင်လှေခတ်နိုင်တဲ့အခါကျ လှေခတ်တာက အားကစားတစ်ခုဆိုတာထက် ကဗျာတစ်ပုဒ်သီရသလိုဖြစ်သွားလိမ့်မယ်တဲ့။ လူ ၈-ယောက် တစ်ယောက်နဲ့တစ်ယောက် မတိမ်းမစောင်း ဟန်ချက်ညီနေဖို့က တော်တော်ခက်လိမ့်မယ်။ ဒါကြောင့် နည်းပြက ၈-ယောက်လှေလှော်တာက ကမ္ဘာ့အခက်ဆုံးအားကစားလို့ဆိုခဲ့တယ်။ ဒီလိုခက်ခဲတဲ့အားကစားနဲ့ ဘာမှမသိတဲ့ကလေးတွေကို 1936 -Summer Olympics ကို ဝင်ပြိုင်နိုင်အောင် နည်းပြတစ်ယောက်ရဲ့ အားထုတ်မှုတွေကိုလည်း မြင်ရလိမ့်မယ်။
နောက်ထပ်တော့ အားကစားကားဆိုတဲ့အတိုင်း အားကစားစိတ်ဓာတ်အကြောင်း အားကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းတွေကိုလည်း ပါးပါးလေးပြတယ်။ သရုပ်ဆောင်တွေကတော့ လောက်လောက်လားလားဆိုလို့ Joel Edgerton နဲ့ Callum Turner တို့ပဲပါမယ်။ သူတို့လည်းထူးထူးခြားခြားတော့ ကောင်းတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရှာရှားပါးပါး လှေလှော်အသင်းတွေ တက္ကသိုလ်တွေနဲ့ လှေလှော်အားကစားအကြောင်းကို ကြည့်ရမှာဖြစ်ပြီး အိုလံပစ်အထိပါ သမိုင်းဝင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ရိုက်ပြထားတာဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်။

ဂျော့ကလူးနေးရဲ့ ဒါရိုက်တင်းစကေးကတော့ ထူးပြီးလည်းကောင်းမနေသလို ထူးပြီးလည်းညံ့မနေတော့ ကြည့်ကောင်းတဲ့ကားတစ်ကားအဖြစ်တော့ ရှိနေတယ်။ အမှန်ဆို ဒီရုပ်ရှင်ကို ၂၀၁၁-ကတည်းက ဝင်းစတိန်းကုမ္ပဏီက ရိုက်ဖို့ကြံခဲ့ဖူးတယ်။ စာရေးဆရာဆီက ရိုက်ခွင့်လည်း ဝယ်ထားခဲ့တယ်။ စာအုပ်က ၂၀၁၃-မှ ထွက်တာဆိုတော့ မရေးခင်ကတည်းက ရိုက်ခွင့်ကြိုဝယ်ထားသလား မထုတ်ခင်ဝယ်ထားသလားတော့ မသိပါဘူး။ စစတော့ Kenneth Branagh ကို ဒါရိုက်တာလုပ်ခိုင်းဖို့လုပ်ခဲ့တယ်။ အကြောင်းကြောင်းနဲ့ မရိုက်ဖြစ်ရင်း မတ်လ ၂၀၂၀-မှာတော့ ဂျော့ကလူးနေးရိုက်ဖို့ ကြေညာခဲ့ပြီး ၂၀၂၄ -ဇန်နဝါရီမှာ ဒစ်ဂျစ်တယ်အနေနဲ့ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ Kenneth ဗားရှင်းဆို ပိုကောင်းမှာဖြစ်လို့ နှမြောတော့ နှမြောစရာပါပဲ။

#TheBoysintheBoat #MyanmarSubtitleMovies #မြန်မာစာတန်းထိုးဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar

The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
The Boys in the Boat
Original title The Boys in the Boat
IMDb Rating 7.1 5,486 votes
TMDb Rating 7.988 41 votes

Director

Cast

Callum Turner isJoe Rantz
Joe Rantz
Joel Edgerton isCoach Al Ulbrickson
Coach Al Ulbrickson
Jack Mulhern isDon Hume
Don Hume
Sam Strike isRoger Morris
Roger Morris
Luke Slattery isBobby Moch
Bobby Moch
Thomas Elms isChuck Day
Chuck Day
Tom Varey isJohnny White
Johnny White
Wil Coban isJim McMillin
Jim McMillin
Hadley Robinson isJoyce Simdars
Joyce Simdars

Similar titles

Ayla: The Daughter of War
How to Make Millions Before Grandma Dies
The Woman in Cabin 10
Bounty Hunters
Ghost Town
Guntur Kaaram
Deception
Will
Guthlee Ladoo
First Love
Hot Blooded Angel
The Walk

Leave a comment