ဒီကားကတော့လူမဲတွေရဲ့ ရပ်ကွက်ထဲကအထာတွေ စရိုက်တွေအကြောင်းရိုက်ထားတာပဲဖြစ်ပါတယ်။ Zaire တစ်ယောက် သူ့ပထွေးသူ့အမေကိုရိုက်နေတာမြင်တော့ စိတ်မထိန်းနိုင်ဘဲ သူ့ပထွေးကိုပစ်သတ်မိသွားပါတယ်။ သူ့အမေက သူ့ကိုထောင်မကျစေချင်တာကြောင့် သူအဖိုးရှိတဲ့ Houston ကိုပြေးခိုင်းပါတယ်။ မြင်လဲမမြင်ဖူး အဆက်အသွယ်လဲမရှိတဲ့အဖိုးကို Zaire တစ်ယောက်ရှာတွေ့မှာလား?
သူ့အဖိုးကဘယ်လိုလူမျိူးလဲ? ဘာအလုပ်လုပ်တဲ့သူလဲ? သူ့ကို ရောကြိုဆိုမှာလားဆိုတာတွေကို ကြည့်ရှုရမယ့် ကားလေးပဲဖြစ်ပါတယ်။